အခန်း-၁{အင်းလေးမြေ}
4.1K 194 15
တောင်နှင့်မြောက်သွယ်တန်းလျက်ရှိသော
တောင်တန်းကြီး(၂)ခု၏ကြားတွင်ချိုင့်ခွက်
ဝင်နေသော ညောင်ရွှေချိုင့်ဝှမ်း၏အနက်ရှိုင်း
သောအပိုင်း။ကြည်လင်စိမ်းမြနေသောရေပြင်
ပေါ်တွင် ဆောက်လုပ်ထားသောခြေတံရှည်
အိမ်ကြီးများ။ ကိုယ်စီလှေငယ်လေးများဖြင့်
လှော်ခတ်သွားလာနေကြသော ကန်ရေပြင်
ပေါ်တွင်ခြေထောက်တစ်ဖက်တည်းဖြင့်သာ
ကျွမ်းကျင်ပိုင်နိုင်စွာလှာ်ခတ်နေကြသော
ထိုသူများ။
အင်းလေးရေပြင်။
ကန်ရေပြင်ကိုဖြတ်ပြီးတိုက်ခက်လာသော
လက်ဆတ်သည့်လေအေးအေးလေးများကို
ရှုရှိုက်ရင်း အင်ရေပြင်ပေါ်သို့ပတ်ဖြန်းဖြာ
ကျနေသော နေခြည်နွေးနွေးလေး၏အောက်
တွင် လှော်တက်လေးကိုကိုင်ကာ စိတ်ငြိမ်စွာ
လှော်ခတ်ရသည်ကို ဒီပါ သိပ်ကိုနှစ်ခြိုက်သ
ည်။
ပင်နီရောင်ရှမ်းဘောင်းဘီပွပွကိုချည်သား
အင်္ကျိဖြူလေးနှင့်တွဲဖတ်ဝတ်ဆင်ထားပြီး
အုန်းခွံ့ရောင်ချည်သားလွယ်အိတ်လေးကို
စလွယ်သိုင်းထားသည်။ခပ်ထူထူမျက်ခုံး
တန်းလေး၏အောက်တွင်ကြည်လင်လုံးဝန်း
နေသော မျက်ဝန်းညိုညိုထဲတွင်ရိုးသားခြင်း၊
ဖြူစင်ခြင်းများစွာပျော်ဝင်နေသည်။အချိန်
တိုင်းအပြုံးရိပ်ကိုသာချိတ်ဆွဲထားတတ်သော
နှုတ်ခမ်းပါးလေးသည် ညီညာနေသောသွား
တန်းလေးနှင့်လိုက်ဖတ်ညီစွာရှိနေသည်။
တရွေ့ရွေ့နဲ့သာရွေ့လျားနေသော လှေငယ်
လေးကိုလှော်ခတ်နေရင်း ကြည်လင်စိမ်းမြ
နေသည့် ရေပြင်လယ်သို့ရောက်ရှိလာသော
အခါ လက်လေးတစ်ဖက်ကိုဆန့်ထုတ်လိုက်
ပြီး ခန္ဓာကိုယ်လေးကိုတစ်ဖက်သို့အနည်းငယ်
ကိုင်ညွှတ်လိုက်ကာ လက်လေးတစ်ဖက်ကို
အေးမြနေသည့်ကန်ရေပြင်ထဲသ်ို့နှစ်စိမ်လိုက်
၏။
အေးမြလွန်းလှသောခံစားချက်နှင့်အတူ
ပိုမိုကြည်လင်လာသော စိတ်အစဉ်ကြောင့်
မျက်ဝန်းလေးမှိတ်ကာအေးမြမှုကိုခံစား
နေသည့် ဒီပါ့ မျက်နှာထက်တွက်ခပ်ရေးရေး
အပြုံးလေးတစ်ခုဖြစ်ထွန်းလာခဲ့၏။
အင်းလေးကန်ကိုဝန်းရံလျက်ရှိသောတောင်
တန်းညို့ညို့များသည် ကြည်လင်တောက်ပ
နေသောမိုးပြာရောင်ကောင်းကင်အောက်တွင်
စာဖွဲ့မမှီနိုင်အောင် ညိုစိမ့်စိမ့်၊မှိုင်းတလဲ့လဲ့
ဖြင့် ကဗျာဆန်စွာကာရန်ညီလျက်ရှိနေသည်။