အပိုင်း-၂၂{ချစ်ခြင်းနေ့ရက်အစောပိုင်း}
708 48 12
{Zawgyi}
နေရောင်ခြည်နုနုသည် ကိုယ်ပေါ်သို့ဖြာကျ
လာတာနှင့် ဒီပါ လေးလံနေသော မျက်ခွံ့ကို
အားယူဖွင့်ကာ အိပ်ရာမှ ထ,လာခဲ့သည်။
ဆောင်းတွင်းမို့ စောင်အတွင်းမှ ထွက်လိုက်
တာနှင့် တုန်ရင်နေလောက်အောင်ကိုပင်ချမ်း
အေးလှ၏။
ဒီပါ ရေချိုးခန်းထဲဝင်လာခဲ့ပြီး မျက်နှာသစ်
ဘေစင်ပေါ်တွင် ရေနွေးနှင့်ရောစပ်ထားသည့်
မပူမအေး ရေကို ကြွေဇလုံထဲတွင် ထည့်ထား
ပေးသဖြင့် ဒီပါ သဘောကျစွာပင်ပြုံးလိုက်မိ
၏။ ဒီပါ ထိုရေနွေးနွေးလေးဖြင့် မျက်နှာသစ်
သွားတိုက်ပြီးတော့ အနွေးထည်တစ်ထည်ထပ်
ဝတ်ကာ အခန်းပြင်သို့ထွက်လာခဲ့သည်။
"ဒီပါ..နိုးလာပြီလား..ကိုယ်ဒီမှာ မင်းအတွက်
တို့ဖူးနွေးဝယ်လာခဲ့တယ်..လာစားလိုက်အုံး!"
ဒီပါ ထိုင်ခုံတွင်ထိုင်လိုက်ပြီးတော့ မဟော်က
တို့ဖူးနွေးပန်ကန်ကို ဒီပါ့ ရှေ့သို့တိုးပေးလိုက်
သည်။
"မွှေးနေတာပဲနော်"
"ဟုတ်တယ်...ကိုယ် တာချီလိတ်ကိုရောက်တိုင်း
ဒီ တို့ဖူးနွေးပဲစားဖြစ်တယ်..တော်တော်အရသာ
ရှိတာ"
"မဟော်က တာချီလိတ်ကို ဘယ်နှစ်ခေါက်
လောက်ရောက်ဖူးတာလဲ"
"ဒီတစ်ကြိမ်နဲ့ဆို ငါးကြိမ်မြောက်"
"မဟော် ဒီကိုခဏခဏလာခဲ့ ဒီမှာ
မဟော်ရဲ့ ချစ်သူများရှိနေလို့လား"
"ဟောဗျာ..ဘယ်လိုတောင်ပြောလိုက်တာလဲ?
ကိုယ်က အလုပ်ကိစ္စနဲ့လာတာပါ..ဒီက ကောင်
မလေးတွေက ချောပေမဲ့ ကိုယ့်ရဲ့ရှေ့မှာ ထိုင်
နေတဲ့ အင်းသားကောင်လေးလောက်တောင်
ရင်ထဲမတိုးဘူး...ဘယ်သူတွေဘယ်လောက်
ချောချော ဒီပါ့ကိုတောင် ကိုယ်က ချစ်လို့ဝ
သေးတာ မဟုတ်ဘူး"
"ချစ်လို့ဝသွားတဲ့ တစ်နေ့ကျရင်တော့
ပြောင်းချစ်မယ်ပေါ့ အဲ့လိုလား"
"ဒီပါနော်..စကားကို အထအနသိပ်ကောက်
တာပဲ..။ ဪ..ပြောရအုံးမယ် ကိုယ်ဒီနေ့
အလုပ်သွားရှာမလို့ ဒီပါ အိမ်မှာတစ်ယောက်
နေခဲ့လို့ဖြစ်ရဲ့လား"
"ဖြစ်ပါတယ်..မဟော် က အလုပ်တွေ့ထားပြီ
လား"
"အင်း..စိုင်းခမ်းရဲ့အသိမိတ်ဆွေတစ်ယောက်
တဲ့ အလုပ်မှာ နေရာလွတ်နေတာ အဲ့တာကိုယ်
ဝင်လုပ်မလို့"