{Zawgyi}
တိတ်ဆိတ်နေသော ညဥ့်ဦးယံ၌ ကန်ရေပြင်
ထက် တွင် ဖြည်းညင်းစွာ လှော်ခတ်သွားလာ
နေသော သစ်သားလှေငယ်လေးတစ်စင်း။အရှေ့လှေဦးတွင် တာရာ ထိုင်ပြီး၊ ဒီပါကတော့ အနောက်တွင် ထိုင်ကာလှေလှော်နေသည်။ အ
လယ် တွင်ထိုင်ကာ ဒီပါရှိရာဘက်သို့ ခန္ဓာကိုယ်
ကိုလှည့်ထားသော မဟော် ကတော့ ထိန်ထိန်သာ
နေသော လမင်းကြီးအား ကြည့်လိုက်၊ လရောင်
အောက်တွင် လမင်းကြီးထက် ပင်အေးမြ နေသ
ည့် အသွင်ရှိနေသော ဒီပါ့ မျက်နှာအားကြည့်လိုက်
ဖြင့် မဟော့် မျက်နှာသည် မှိုရထားသော လူတစ်
ယောက်ကဲ့သို့ ပြုံးရွှင်ရွှင်ဖြစ်နေလေသည်။လင်းဦး တို့အိမ်တွင် အချိန်အတော်ကြာအောင်
စကားပြောခဲ့ကြပြီး ညဥ့်ဦးယံမှ အိမ်သို့ ပြန်လာ
ခဲ့ကြခြင်းဖြစ်သည်။လမင်းသည် ဝိုင်းစက်ကာ ထိန်ထိန်သာလျက်ရှိ
သလို လေညင်းကလည်းတသုန်သုန်ညင်းသွဲ့စွာ
တိုက်ခက်နေသည်။ တိုက်ခက်နေသော လေပြည်ကိုရှုရှိုက်နေရင်း မဟော် မတ်တတ် ထ,ရပ်လိုက်
မိသည်။ ထို့နောက် လက်နှစ်ဖက်ကို ဆန့်ကားကာ
မျက်စိကိုမှိတ်လျက် ခေါင်းကိုမော့ထားပြီး ကန်
ရေပြင်ကိုဖြတ်၍ တိုက်ခက်လာသော လေနုအေး
တို့အား မဟော်တဝကြီး ရှူရှိုက်လိုက်မိ၏။ထိုအခါ ဒီပါ ထံမှ သတိပေးစကားသာ ထွက်လာ
လေသည်။"မဟော်..ပြုတ်ကျမယ်နော်၊လှေက သေးသေး
လေး""မပြုတ်ကျပါဘူး..ဒီပါရဲ့။ ကိုယ်ထိန်းနိုင်ပါတယ်
ခဏလေးပါပဲ""ကျွန်တော်တို့ ရောက်နေတဲ့ ရေကနက်တယ်နော်"
ဒီပါ့ သတိပေးစကားသံကို မဟော်က ကရုမပြုဘဲ
ဆက်လက်ရပ်နေသောကြောင့် အရှေ့လှေဦးတွင်
ထိုင်နေသော တာရာက လှည့်လာပြီး ပြောမရ၊
ဆိုမရ ဖြစ်နေသည့် အစ်ကိုဖြစ်သူအား ပြန်ထိုင်
စေရန် မဟော့် ခါးနားရှိအင်္ကျိစအား လှမ်းဆွဲလိုက်
လေသည်။"အ......ယားတယ်"
မဟော့် အင်္ကျိစအားလှမ်းဆွဲရင်း ခါးကိုမတော်
တဆထိမိကာ မဟော့် ခန္ဓာကိုယ်တွန့်ခနဲ ဖြစ်သွား
ပြီး လန့်ဖျန့်ကာ အရှိန်မထိန်းနိုင်တော့ဘဲ ဟန်ချက်
ပျက်ကာ ရေထဲသို့ပြုတ်ကျသွားလေတော့သည်။
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့