အပိုင်း-၁၂ {မင်းရဲ့ဖြစ်တည်မှုတိုင်းကိုချစ်တယ်}
707 69 7
{Zawgyi}
မဟော်သည် ဘယ်အချိန်ပဲဖြစ်စေ ဒီပါနှင့်အတူ
လှေတစ်စီးတည်း လှော်ခတ်သွားရရင်ကိုပင်
ကျေနပ်ပီတိဖြစ်သည့် မျက်နှာတို့က ဖုံးမရနိုင်
အောင် ဖြစ်နေတတ်သည်။ မျက်နှာချင်းဆိုင်
ထိုင်နေသည့် ဒီပါ့ မျက်နှာကိုကြည့်ရင်း လှော်
ခတ်ရလျှင်ပင် မောလို့မောမှန်း၊ ပန်းလို့ပန်းမှန်း
မသိလောက်အောင်ကိုပင် အမောပြေရသည်။
သ်ို့သော် ယခုတွင် မဟော့်မျက်နှာသည် ယခင်
အချိန်များကလို ပီတီဝေဖြာနေသည့် မျက်နှာ
မဟုတ်ဘဲ စူပုတ်ပုတ်ဖြစ်နေလေသည်။ ထိုသို့
ဖြစ်နေရသည့် အကြောင်းမူကာ သူ့ရှေ့တွင်ထိုင်
နေသူမှာ ဒီပါ မဟုတ်ဘဲ တာရာဖြစ်နေခြင်းကြောင့်
ဖြစ်သည်။
လင်းဦးနှင့်ဝင်းနောင်တို့ လှော်သည့်လှေပေါ်တွင်
တာရာက မထိုင်ဘဲ မဟော်နှင့်ဒီပါ နှစ်ယောက်
ထဲသာ ထိုင်မည့်လှေပေါ်သို့ အတင်းဝင်ထိုင်ခဲ့
ခြင်းကြောင့် ဒီပါက လင်းဦးတို့လှေဖြင့်သာလိုက်
ပါလာခဲ့ရသည်။ ထို့ကြောင့် သူ့ရှေ့တွင် စပ်ဖြီးဖြီး
မျက်နှာဖြင့် ထိုင်နေသည့် တာရာ့ကိုကြည့်ရင်း စိ
တ် ထဲတွင်အကြိမ် တစ်ရာမက ကျိန်ဆဲနေမိလေ
တော့သည်။
"မင်း..က ငါလှော်တဲ့လှေကိုပဲ အခန့်သားလိုက်စီး
မနေနဲ့ ၊ ရော...မင်းလည်း တစ်လှည့်လှော်"
"ဟာဗျာ...မလှော်ချင်ပါဘူး။ ဒီပါ နဲ့ဆို ကိုကို
တစ်လျှောက်လုံး မညည်းမညူလှော်ပေးပြီး
တော့..အခုဒီ ညီလေးဝင်ထိုင်မှ မျက်နှာကြီးက
စူပုတ်နေရတာလဲ ကိုကိုရဲ့"
"မင်းနဲ့ ဒီပါက တူလို့လား"
"အေးလေ..ဘယ်တူပါ့မလဲနော်။ ကိုကိုဒီပါ့အ
ပေါ်မှာထားတဲ့ မေတ္တာက ကျွန်တော့်ထက် ၉၇၂
တောင်ပိုတာကို"
"ပေါက်ပန်းလေးဆယ်တွေပြောနေပြန်ပြီ..တာရာ
ရယ်"
"မဟုတ်လို့လား..ကိုကိုစဉ်းစားကြည့် ကျွန်တော့်
အပေါ်မှာ ကိုကိုထားတဲ့ မေတ္တာက ၅၂၈ ၊ ဒီပါ့
အပေါ်မှာထားရှိနေတာက ၁၅၀၀လေ။ ၁၅၀၀
ထဲက ၅၂၈ ကိုနုတ်တော့ ၉၇၂ ကျန်တယ်လေ။
ကိုကိုက ဒီပါ့အပေါ်ကို ၁၅၀၀မေတ္တာနဲ့ချစ်တာ
ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်ထက်ပို
တာပဲလေ မဟုတ်ဘူးလား"