အခန်း-၆ {ဘုရားလည်းဖူးလိပ်ဥလည်းတူး}
1K 89 23
{Zawgyi}
မြူနှင်း ခပ်ပါးပါးလေးဝေ့ဝဲနေသော မနက်ခင်း
တွင် ဆောင်းလေပြည်နုလေးတစ်ချက်အဝေ့မှာ
ခပ်ဖြည်းဖြည်းလေး ယိမ်းနွဲ့လို့သွားသော စောမူ
နှဖူးဆံစလေးတို့ကိုကြည့်ရင်း တာရာရင်ထဲတွင်
လှိုက်ခနဲခုန်မြည်လို့လာသည်။ဆွမ်းအုပ်လေးကို
ပိုက်ကာ ပန်းပုရုတ်လေးထုထားသကဲ့သို့ လှပနေ
ရှာသည့် နန်းစောမူသည် တာရာ့ အမြင်အာရုံကို
စွဲငင်လို့နေလေသည်။
နီရဲရဲ ပင်နီရင်ဖုံး အင်္ကျိလက်ရှည်လေးနှင့် ခပ်
စိတ်စိတ်အကွက်ဆင်ဖြင့်ရက်လုပ်ထားသော
နက်ပြာရောင် ချည်သားလုံချည်လေးကို တွဲ
ဖတ်ပြီး ရိုးယဉ်စွာဝတ်ဆင်ယင်ထားကာ ခြေခုံ
လေးကိုလှစ်ဟထားတာကြောင့် မွှေးညှင်းစိမ်းတို့ယှက်ဖြာနေသည့် ခြေချောင်းလေးများနှင့်
ခြေခုံဖြူဖြူလေးတို့သည် အနက်ရောင်ကတ္တိပါ
ညှပ်ဖိနပ်လေးထက်တွင် ထင်ရှားနေပြီး လှပစွာ
လိုက်ဖတ်လို့နေလေသည်။
ထိုသို့ဘုရားပွဲတော်စ သည့်နေရက်များတွင်
အနီးအနားရှိ ရွာများမှ အပျို၊လူပျို၊ကလေး
လူကြီးပါမကျန် ဘုရားပွဲတော်သို့လာရောက်
ကြသဖြင့် လှေများသည် ရေပြင်အနှံ့တွင်များ
ပြားစွာရှိလို့နေသည်။ ကြီးကျယ်ခန့်ညားသော
ဘုန်းကြီးကျောင်း၊ ရွှေရောင်တဝင်းဝင်း၊ ထုံး
တဖွေးဖွေးဖြင့် ဂုဏ်ကျက်သရေရှိစွာခန့်ညား
တင့်တယ် လို့နေသော ဘုရားစေတီများကို ဖူး
မျှော်တွေ့ရှိရခြင်းအားဖြင့် ဘာသာရေးယုံကြည်
ကိုးကွယ်မှု၌ အလေးအမြတ်ထားမှုရှိကြောင်း
သိရှိရသည်။
ထို့ပြင် ဝတ်ကောင်းစားလှဖြင့်လှပလို့နေသော
အပျိုကလေးများသည် ဆောင်းနှောင်းလေပြည်
၏ အေးမြမှုနှင့်အပြိုင် အေးချမ်းသောသွင်ပြင်
ဖြင့် ကိုယ်စီလှပနေကြသည်။
ထိုအေးမြဆုံးသော အရာများထက် မဟော့်
အတွက်ပိုပြီး အေးချမ်းစေလွန်းသော မြင်ကွင်း
သည် မျက်နှာချင်းဆိုင်ထိုင်နေသော ဒီပါ့
မျက်နှာလေးပင်ဖြစ်သည်။
နှဖူးပေါ်သို့အမြဲတမ်းဝဲကျလို့နေသော ဆံပင်
လေးတွေကို ဘေးတစ်ခြမ်းခွဲကာ တစ်ဖက်ကို
အနောက်သို့ ဖီးသင်ထားတာကြောင့် နှဖူးလေး
သည် သန့်စင်ကာ ကြည်လင်ရှိန်းမြနေသည်။