အပိုင်း-၁၃{ချစ်စဖွယ်တိုက်တေးပွဲဓလေ့}
659 64 21
{Zawgyi}
*အင်းလယ်က ရွှေကြာပန်း
ကြာပန်းလေးနှစ်ပွင့်ဆိုင်
ခူးမယ်လို့ကိုင်
ခူးမယ်ကိုင်၊ မပိုင်တဲ့မောင်က
အင်းလယ်က ရွှေကြာပန်း
လှမ်းလို့မရ*
အင်းလေးညသည် သာယာလှ၏။ ည၏ဇာတ်
လိုက်ဖြစ်သော လမင်းသည် ကောင်းကင်ယံတွင်
ထွန်းလင်းကာ ဘေးဘက်သို့အလင်းများဖြန့်
ထွက်ဖြာကျနေ၏။ လရောင်ဆမ်းနေသော
အင်လေးကန်ရေပြင်သည် ငွေကောဇောခင်း
ထားသလို လင်းတလဲ့လဲ့ဖြင့် လှပနေ၏။
စပါးရိတ်သိမ်းပြီးချိန် သီတင်းကျွတ်လ
သည် ညချိန်ယံတွင် တိမ်မြူများကင်းစင်
ကာ လရောင်ထွန်းလင်းနေသော အင်းလေး
ကန်ထဲတွင် ကြာပန်းများသည် ဖွေးဖွေးလှုပ်
စွာဖြင့် ငွားငွားစွင့်စွင့်ဖူးပွင့်နေကြသည်။
တန်ခူးနှင့်ကဆုန်တွင် လယ်စိုက်ကြပြီး
သီတင်းကျွတ်နှင့် တန်ဆောင်မုန်းတွင်
စပါးရိတ်သိမ်းကြသည်။ ထိုသို့လုပ်ငန်း
များ သိမ်းပြီးသည့်အချိန်တွင် အင်းလေး
တိုက်တေးပွဲကို ပျော်ရွှင်စွာပင်ဆင်နွှဲကြ
လေသည်။
တစ်နှစ်တာလုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ကြ
ပြီးနောက် တိုက်တေးများကိုနားထောင်ရင်း
အပန်းဖြေလေ့ရှိကြသည်မှာ အင်သားတို့၏
ချစ်စဖွယ်စိတ်အပန်းဖြေမှုတစ်မျိုးပင်ဖြစ်
သည်။
ကန်ရေပြင်ကိုဖြတ်ပြီးတိုက်ခက်နေသော
လေပြည်သည် လတ်ဆက်လှသည်။ တိတ်
ဆိတ်နေသော ညချိန် အင်းလေးကန်ရေပြင်
ထဲတွင် စက်လှေသံသဲ့သဲ့ကိုကြားနေရသည်။
မီးရောင်တို့ဖွေးနေအောင် ထွန်းထားသော
ခြေတံရှည်အိမ်ပေါ်တွင် ကာလသားတစ်စု၏
ရယ်မောစနောက်သံများကို အတိုင်းသားကြား
နေရသည်။ ဖွင့်ဟထားသော ပြတင်းပေါက်မှ
လင်းထိန်နေသော လပြည့်ဝန်းနှင့် စိန်ပွင့်လေး
သဖွယ် လင်းလက်နေသော ကြယ်ကလေးများ
ကိုလှမ်းမြင်နေရသည်။
"တာရာ..ဘာဖြစ်နေတာလဲ? မင်းကြည့်ရတာ
ဖင်တကြွကြွနဲ့"
"ကျွန်တော် စိတ်တွေအရမ်းလှုပ်ရှားနေလို့ပါ
ကိုကိုရဲ့"
"ဘာတွေများစိတ်လှုပ်ရှားနေရတာလဲ? မင်းကို
တစ်ယောက်ယောက်က အဖြေပေးတော့မဲ့ပုံစံ
နဲ့ ဖြစ်ပျက်နေတာကြည့်ပါအုံး"