မဟော်နှင့် ဒီပါအိမ်ထောင်ရေးခရီးလမ်းအစ
သည် အတော့်ကိုပင် ကြည်နူးစရာကောင်းလှ
သည်။ တစ်ခါတလေ ကမောက်ကမ အလွဲ
အချော်တွေဖြစ်တတ်ပေမဲ့ အမှတ်တမဲ့လေး
တွေက အမှတ်တရ လေးတွေသာဖြစ်ခဲ့လေ
သည်။"မဟော်..ဒါက ငါပြောတဲ့ ဒီအိမ်ကို ငှားမဲ့အိမ်
ပိုင်ရှင် ညီအစ်မလေ"မဟော့်ထက်ပင် အသက်ကြီးပုံရသည့် အန်တီ
ကြီးနှစ်ယောက်ကို မဟော် ပြုံးပြလိုက်ပြီး....၊"မင်္ဂလာပါ...အဒေါ်ကြီးတို့ ကျွန်တော်တို့က
ဒီအိမ်ကိုငှားဖို့ ပြောထားတဲ့သူတွေပါ"သရေအဖုံးနှင့် စာအုပ်တစ်အုပ်ကို ဂျိုင်းကြား
ညှပ်ကာ မဟော်နှင့် ဒီပါ့ကို အကဲခက်ကြည့်နေ
သည့် ထိုအန်တီကြီးနှစ်ယောက်ရဲ့ မျက်ခုံးတို့
တွန့်ချိုးသွားကာ...၊"ဘယ်လိုတောင် ခေါ်လိုက်တာလဲ? စိုင်းခမ်း
မင်းခေါ်လာတဲ့ တစ်ယောက်ကို ပြောထားအုံး
တို့နှစ်ယောက်ကို အစ်မလို့ခေါ်တာပဲ ကြိုက်
တယ်လို့"အသားဖြူခပ်ပိန်ပိန်အသွင်ရှိသည့် အစ်မဖြစ်သူ
က မဟော့်ကို မျက်နှာဘေး တင်းတင်ဖြင့်ကြည့်
ရင်း ပြောလေသည်။"စိတ်မရှိပါနဲ့..အစ်မတို့ရယ်။ မဟော်ကလေ
ဒီအတိုင်းပဲ ..ငါ့အစ်မတို့နှစ်ယောက်က ဒီလောက်
ထိ အရွယ်တင်ပြီး လှတာကို အဒေါ်ကြီးလို့ခေါ်
တဲ့ သူက မျက်စိအမြင်မကောင်းလို့နေမှာပါ""ဟွင့်...ဟွင့်..."
စိုင်းခမ်းစကားကြောင့် ထိုအမျိုးသမီးနှစ်ယောက်
က အသံထွက်ရယ်လေ၏။"မဟော်..ဒီဘက်က အသားဖြူဖြူနဲ့ အစ်မက
ဒေါ်အိတဲ့..။ ဒီအစ်မကတော့ ဒေါ်အိရဲ့ ညီမ
ဒေါ်သော်တာတဲ့""ဟုတ်..တွေ့ရတာ ဝမ်းသာပါတယ်..ကျွန်တော့်
နာမည်က မဟော်ပါ။ ကျွန်တော်ဘေးက သူက
တော့ ဒီပါတဲ့....""ဒါနဲ့ မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေလား"
"မဟုတ်ဘူးဗျ....ဘယ်လိုပြောရမလဲ ကျွန်တော်
တို့က.....""မဟော်နဲ့ ဒီပါက သူငယ်ချင်းတွေပါ"
မဟော် စကားရွေးနေခိုက် စိုင်းခမ်းက မဟော့်
စကားကို ကြားဝင်ဖြက်ပြောလိုက်လေသည်။
စိုင်းခမ်းကို မဟော် လှမ်းကြည့်လိုက်တော့
စိုင်းခမ်းက သူ့ကို ခေါင်းခါရင်း မျက်ရိပ်မျက်ကဲ
ပြလေသည်။
ŞİMDİ OKUDUĞUN
Romantizmမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့