အပိုင်း-၁၈{ချစ်ခြင်း၏ရိုးသားမှု}
532 50 9
{Zawgyi}
အင်းလေးကန်၏ နံနတ်ခင်းသည် ပုံမှန်တိုင်း
ပင် သက်ဝင်လှုပ်ရှား ကြည်လင်နေ၏။ ကန်
ရေပြင်ပေါ်တွင် အပြိုင်အဆိုင်ဖြင့် လှော်ခတ်
နေကြသော လှေနှစ်စီးထံမှ ရယ်မောသံများ
ပျံ့လွင့်လာ၏။ သီချင်းအေးအေးလေးကို
မကျယ့်တကျယ်ညည်းဆိုလိုက်၊ တစ်ယောက်
နှင့်တစ်ယောက်ကျီစယ်စနောက်သံများဖြင့်
အင်းလေးရေပြင်သည် ပိုမို၍ပင် သက်ဝင်လှုပ်
ရှားနေပါသည်။
"ကန်၏တန်ဆာ၊ တံငါ၏လက်နက် ရဲ့
အဓိပ္ပာယ်ကို ဒီပါ ဖွင့်နိုင်လား"
"ဟာ...ဘာများခက်လို့လဲ..ကန်ရဲ့တန်ဆာက
'ကြာ' ၊ တံငါရဲ့လက်နက်က 'ပိုက်' ..ကြာပိုက်
တော့ 'ကြိုက်ပါ' ပေါ့ "
"ဒီပါ..က ကိုယ့်ကို မနက်စောစောစီးစီး ရည်းစား
စကားပြောနေတာလား..အေးလေ ဒီလိုချစ်စရာ
ကောင်းတဲ့ ကောင်လေးက ကြိုက်ပါ လို့ပြောနေ
မှတော့ ဒီက ကိုယ်က လည်း ဘယ်ငြင်းရက်ပါ
တော့မလဲ..ကြိုက်တယ် ကြိုက်တယ် ဟုတ်ပြီ
လား"
"မဟော်နော်...သိပ်လည်တာပဲ"
ဒီပါက နှုတ်ခမ်းလေးဆူကာ ရေလေးဖြင့်
လှမ်းပတ်လေတော့ မဟော်က ရယ်လေ
သည်။ ဒီပါ့ကို ကြိုက်မိခါမှ သူတစ်ယောက်
အင်းသားတစ်ယောက်နှယ် လုံးလုံးဖြစ်နေပြီ
ဖြစ်သည်။
ဒီပါ အားအိမ်သို့လိုက်ပို့ချိန်တွင် မနက်၇နာရီ
ထိုးနေပြီဖြစ်သည်။
ဒီပါက လှေအားတိုင်တွင် ချည်ပြီး တံတားလေး
မှ အရင်လျှောက်သွား၏။ မဟော်က လှေပေါ်
တွင် ထိုင်ကျန်ရစ်နေရင်း ခေတ္တမျှအတွေးတို့
ပျံ့နှံ့ပြီးနောက် ဆုံးဖြတ်ချက်တစ်ခုချကာ
လှေပေါ်မှ ထ,လိုက်သည်။
"ဒီပါ..ခဏ..ကိုယ်မင်းကို ပြောစရာရှိလို့"
မဟော့်အသံကြောင့် ဒီပါ့ ခြေလှမ်းတို့ရပ်တန့်
သွားပြီး မဟော့်အား လည်ပြန်လေးလှည့်ကြည့်
လေသည်။ မဟော်က ဒီပါ ရှိရာသို့ ခပ်သွက်
သွက်လျှောက်လာခဲ့ပြီး ဒီပါ့ ပုခုံးနှစ်ဖက်အား
ဆုပ်ကိုင်ကာ လေနက်စွာကြည့်ရင်း....၊
"ဒီပါ..ကိုယ်မင်းကို ပြောစရာရှိတယ်သိလား..
ကိုယ်ဒီစကားကို ပြောဖို့ သတ္တိမရှိခဲ့ဘူး..ဒီပါ
သိသွားရင် ကိုယ့်ကို ခွင့်မလွှတ်မှာ ကိုယ်
ကြောက်တယ်..ဒါပေမဲ့ ကိုယ် မင်းအပေါ်မှာ
ဒီထက်ပိုပြီး ရိုးသားချင်တယ်"