{Zawgyi}
အင်းလေးကန်အား အပေါ်စီးမှ လှပစွာ
မြင်နေရသည့် ရွှေမြင်းထင်ဘုရားသို့
လင်းဦး၏ လိုက်ပို့မှုကြောင့် မဟော်
ရောက်လာခဲ့၏။ကျောင်းအနောက်ဆင်းလမ်းလေးသည်
လှေကားများဖြင့် တည်ဆောက်ထားပြီး
တစ်ဖက်ကမ်းရှိ မိုင်းသောက်ရွာနှင့်
အင်းလယ်ကဗိုလ်တဲကိုလှမ်းမြင်နေရသည်။မဟော် ဘုရားပေါ်မှ ကျောင်းအနောက်ဆင်း
လမ်းလေးသို့လျှောက်လာခဲ့ပြီး လှေကားဆင့်
များပေါ်တွင် ထိုင်ရင်း အဝေးရှိ မှိုင်းပြပြ
တောင်ပြာတန်းကို ငေးမောကြည့်နေသည့်
ဒီပါ့ ကျောပြင်လေးကို တွေ့ခါမှ မဟော်
သက်ပြင်းချနိုင်တော့၏။မဟော်က ဒီပါ ထိုင်နေသည့် လှေကားအဆင့်
လေးဘေးတွင် ဝင်ထိုင်လိုက်ပြီး ဒီပါ့ ပုခုံးပေါ်
သို့ ခေါင်းလေးမှီချလိုက်၏။ဒီပါကတော့ ဘာစကားမှမဆိုဘဲ တိတ်ဆိတ်
နေဆဲ။ ဒီပါ့ ပုခုံးလေးပေါ်တွင် ခေါင်းလေး
မှီထားသော မဟော်သည် ကြောင်ပေါက်စ
လေးသဖွယ် ဒီပါ့အားချွဲနေ၏။"ဒီပါ...ကိုယ်လိမ်ညာခဲ့မိတာ တောင်းပန်ပါ
တယ်..ကိုယ့်ကို ခွင့်လွှတ်ပေးပါနော်""ဒီပါ နဲ့ဦးကြီးပဲ အမှန်ကိုမသိဘဲ ချန်လှပ်ထား
ခံရတာ ဒီပါ..သိပ်ဝမ်းနည်းတာပဲ..တကယ်လို့
မဟော်သာ အစ်မနဲ့သဘောတူထားတဲ့သူမှန်း
သိရင်ဒီပါလေ မဟော့်ကိုမချစ်မိအောင်ကြိုးစား
ခဲ့မှာ""ဘယ်သူ့ကိုမှအပြစ်မမြင်ပါနဲ့နော် ..အားလုံး
က ကိုယ့်အပြစ်တွေချည်းပါပဲ..ပြီးတော့ ကိုယ်
နဲ့ စောမူကို သဘောတူထားတဲ့ ကိစ္စကလဲ ပျက်
ပြယ်သွားခဲ့ပါပြီ။ စောမူနဲ့ တာရာက ချစ်သူတွေ
ဖြစ်နေကြတာကို အားလုံးက လက်ခံပေးခဲ့တော့
အခု တာရာ့မိဘတွေက မိုးကုတ်ကနေ အင်းလေး
ကို လိုက်လာကြပြီ..မကြာခင် စောမူကို တောင်း
ရမ်းပြီး လက်ထပ်ပေးကြတော့မှာ""ဒါပေမဲ့....."
"ဘာ..ဒါပေမဲ့မှမရှိဘူး..မကြာခင် စောမူနဲ့
တာရာက လက်ထပ်ကြတော့မှာ.. ကိုယ်က
လည်း စောမူကို ကိုယ့်ညီမလေးတစ်ယောက်
လိုပဲ သဘောထားတယ်..ဒီပါ ကိုယ့်ကို စိတ်
ရှင်းရှင်းနဲ့ လက်ခံလို့ရပါတယ်"
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့