{Zawgyi}
"တင်း...!တင်း..! "
လူခေါ်ဘဲလ်တီးသံကြောင့် ဒီပါ အပေါ်ထပ်
တွင်ရပ်နေရင်း ပြတင်းပေါက်နေ ခြံပြင်ကို
လှမ်းကြည့်လိုက်မိတော့ ခြံတံခါးဝတွင်
ရပ်နေသော နွယ့်ကိုတွေ့လိုက်ရသည်။မဟော်က အစောကြီးထဲကထွက်သွားပြီမို့
အိမ်ထဲတွင် သူတစ်ယောက်ထဲသာရှိတာပါ။
အရင်နေ့က တိုက်ဆိုင်စွာပင် တွေ့ကြတာ
ကြောင့် လမ်းကြုံခေါ်ခဲ့တာကို သူ နားလည်
ပေးခဲ့သည်။ ဒါပေမဲ့ ဒီနေ့ဒီလိုမျိုး ခြံရှေ့ကို
လာပြီးထိ ခေါ်တာမျိုးထိ သူ လက်မခံနိုင်ချေ။နွယ်ဆိုတဲ့ မိန်းကလေးရဲ့မျက်ဝန်းတွေက
မဟော့် အပေါ်မှာ မရိုးသားတာကို သူအလိုလို
ကို သိနေသည်။ မဟော် ပြောပြသလောက်ဆို
လျှင် နွယ်နဲ့ မဟော်က အလုပ်အတူတွဲလုပ်နေ
သည်တဲ့လေ။ ဒါကြောင့် လုံးဝမတွေ့ဖို့ထိတော့
သူ တားလို့မဖြစ်နိုင်ပါ။ ဒါပေမဲ့ လိုအပ်လာလျှင်
တော့ မဟော်နဲ့ သူ့ရဲ့ ဆက်ဆံရေးကို ပြောပြဖို့
သူဆုံးဖြတ်ထား၏။ဘဲလ်တီးသံကြားပေမဲ့ သွားမဖွင့်ပေးချင်တာ
မို့ မသိဟန်ဆောင်နေခဲ့ပေမဲ့ ဆက်တိုက်ပင်မြည်
နေသော အသံကြောင့် ဒီပါ စိတ်ပျက်စွာပင်
ထိုင်ခုံမှ ဆက်ခနဲထ,ရပ်လိုက်ပြီး သော့ကိုလှမ်း
ယူကာ ခြံတံခါးရှိရာသို့ လှမ်းလာခဲ့၏။"ချပ်...! "
"မနန်းကဗျာနွယ်က ကျွန်တော့်အိမ်ရဲ့ဘဲလ်ကို
အဆက်မပြက်တီးနေရလောက်အောင်
အရေးကြီးတဲ့ ကိစ္စများရှိနေလို့လား""အိမ်ထဲမှာလူရှိနေတာကို ဘာလို့တံခါးလာ
မဖွင့်ပေးတာလဲ""ကျွန်တော့် အိမ်ပဲ ကျွန်တော်ဖွင့်ပေးချင်တဲ့
စိတ်ဆန္ဒရှိရင်ဖွင့်ပေးမယ်..မဖွင့်ပေးချင်ရင်
မဖွင့်ပေးဘူးဗျ...မနန်းကဗျာနွယ်မှာ ကိစ္စ
အထွေအထူးမရှိရင် ကျွန်တော့်ကို ခွင့်ပြုပါအုံး"ဒီပါက ခြံတံခါးလေးကို ပြန်ပိတ်မည်ပြုတော့
နွယ်က လက်တစ်ဖက်ဖြင့် လမ်းတားပြီး...၊"နေအုံး.! အိမ်ထဲမှာ ကိုမဟော်ရှိလား"
"မရှိဘူး"
YOU ARE READING
Romanceမင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်းကင်ပြာကြီးပေါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျက်နှာချင်းဆိုင်ပဲရှိနေမယ့် ကောင်း ကင်ပြာကြီးပေါ့