အပိုင်း-၁၄{အင်းလေးဆိုတာရေစက်တွေနဲ့ခင်းထားတဲ့လမ်းဖြစ်နေတယ်}
665 60 16
{Zawgyi}
*လွမ်းစရာအကြောင်းကို
ပန်းပေါင်းပြီးလှူလိုက်မယ်~~
ရည်စူးတဲ့စေတီဦးမှာ
နှေယောက်ညီတောင်းဆု
ကောင်းမှုအလီလီ။
ရှေးရှေးတုန်းက ရေစက်များဟာ
အင်းလေးထဲပေါင်းဆုံပြီး
အတည်ငြိမ်ဆုံးငြိမ်းချမ်း
အင်းလေးဆိုတာ
ရေစက်တွေနဲ့ ခင်းထားတဲ့လမ်းဖြစ်နေတယ်..*
တစ်နေ့တာလုံး အပူကိုသာဆောင်ခဲ့ရသော
နေမင်းသည် သူ၏မာန်စွယ်ကိုလျှော့ချကာ
အနောက်ကျွန်းသို့ ကွန်းခိုရလေပြီဖြစ်သည်။
ညနေဆည်းဆာနေရောင်သည် အင်းလေး
ကန်ရေပြင်ပေါ်သို့ကျရောက်နေ၏။လေပြည်
သည် တဖြူးဖြူးတိုက်ခက်နေခြင်းကြောင့်
အင်္ကျိအနားစတို့က တဖျပ်ဖျပ်ပျံ့လွင့်နေ၏။
ဆည်းဆာနေရောင်အောက်တွင် ဖွေးဖွေးလှုပ်
ဖူးပွင့်နေကြသော ကြာပန်းများသည် ပန်းချီ
ဆရာ၏ စုတ်ချက်များကို တိမ်မူးစေနိုင်လောက်
အောင်ကိုပင် လှချင်တိုင်းလှနေလေတော့သည်။
ကြာပန်းများ၏ အလယ်တွင် မဟော်နှင့်ဒီပါ
တို့၏ လှေငယ်ကလေးနှစ်စင်းသည် ပူးကပ်
နေ၏။ ဒီပါက မျက်လွှာလေးကိုချကာ ကန်
ရေပြင်ကိုသာ ငေးကြည့်နေ၏။ ထိုမျက်နှာ
လေးကိုပင် မဟော်က ချစ်ရည်ရွှန်းလဲ့နေ
သော မျက်ဝန်းလေးဖြင့် ချစ်မြတ်နိုးစွာပင်
ငေးကြည့်နေ၏။
"မဟော်..ဒီပါ့ကို ပြောစရာရှိတယ်ဆိုပြောလေ
တစ်ချိန်လုံး အဲ့လိုကြီးပဲစိုက်ကြည့်နေတော့မှာ
လား? "
"သဘောကျလို့...ဒီပါ့ မျက်နှာလေးကို ငေး
ကြည့်နေရတာကို ကိုယ်အရမ်းသဘောကျ
တာသိလား"
မဟော်က ဘေးနားက ပန်းရောင်သန်းကာ
ဖူးပွင့်နေသော ကြာပန်းလေးတစ်ပွင့်ကိုခူး
ဆွတ်လိုက်ပြီးနောက် ဒီပါ့လှေနံရံလေးကို
လှမ်းဆွဲလိုက်ကာ လှေလေးနှစ်စင်းကိုပို၍
ပင် နီးကပ်စေ၏။ နီးကပ်သွားသောလှေနှစ်
စင်းနှင့်အတူ မဟော်နှင့် ဒီပါ့ မျက်ဝန်း
အကြည့်တို့စုံသွားကြပြီး မဟော့်၏အကြည့်
များက ဒီပါ့စိတ်အစုံကို ဖမ်းစားညို့ငင်လိုက်
သလို အရာရာကိုမေ့လျော့သွား၏။
မဟော်က ဒီပါ့ရဲ့လက်လေးကိုလှမ်းဆွဲကာ
ဆုပ်ကိုင်လိုက်ပြီး လက်ထဲသို့စောစောကပင်
ခူးထားသော ပန်းနုရောင်သမ်းနေသည့်ကြာပန်း
လေးကို ဒီပ့ါလက်ထဲသို့ ထည့်ပေးလိုက်ပြီး
နူးညံ့စွာတစ်ချက်ပြုံးလိုက်ကာ....၊