အပိုင်း-၈ {ကြာပန်းလေးလှူပေးချင်လို့}
978 90 16
{Zawgyi}
စူးရှနေသော နေရောင်ခြည်သည် စေ့ပိတ်ထား
သော ပြတင်းပေါက်၏ခပ်ဟဟ နေရာမှတစ်ဆင့်
နှစ်ခြိုက်စွာအိပ်ပျော် နေသော ဒီပါ့ မျက်လုံးပေါ်
သို့ ဖြန့်ကျက်လာသည့်အခါ ဒီပါ ဆက်အိပ်မပျော်
တော့ဘဲ အိပ်ရာမှခပ် ဖြည်းဖြည်းထ,လိုက်မိ၏။
ခေါင်းရင်းတွင် ပိတ်ထားသော ပြတင်းပေါက်
တံခါးကိုဖွင့်လိုက်သည်နှင့် နေရောင်ခြည်တို့က
အခန်းအတွင်းသို့ အလုအယက်တိုးလျှိုးဝင်
ရောက် လာခဲ့၏။
ကန်ရေပြင်ကို ဖြတ်ပြီးတိုက်ခက်လာသော
လေအေးအေးလေးကို တဝကြီးရှုရှိုက်လိုက်ရာ
ခန္ဓာကိုယ်ရှိနွမ်းနယ် ပင်ပန်းသလိုခံစားနေရသည့်
အရာများအားလုံးသည် တိုက်ခက်လာသော လေ
ညင်း နှင့်အတူလွင့်ပြယ်သွားသလို ခံစားလိုက်ရ
သည်။
ဒီပါ အိပ်ရာကိုသိမ်းလိုက်ပြီး အခန်းအပြင်ကို
ထွက်လိုက်တော့ ရက်ကန်းရုံကိုသွားတော့မည့်
အစ်မဖြစ်သူကိုတွေ့လိုက်ရသဖြင့် အချိန်အတော်
လင့်နေပြီမှန်းသိလိုက်ရသည်။
"အစ်မ..ရက်ကန်းရုံကိုသွားတော့မှာလား"
"ဟုတ်တယ်...ဒီပါ နိုးလာရင်စားဖို့ အစ်မစားပွဲ
ပေါ်မှာ အုပ်ဆောင်းနဲ့အုပ်ပေးထားတယ်၊ စား
ပြီးရင် ဆေးသောက်လိုက်နော်"
"ဆေးသောက်ဖို့မလိုတော့ပါဘူး..အစ်မရဲ့၊
ကျွန်တော်သက်သာနေပါပြီ"
"ဘာပဲဖြစ်ဖြစ်..ညက အဖျားတတ်တယ်လို့
မဟော်က ပြောသွားတယ်။ ကိုယ့်အကြောင်းကို
ကိုယ်မသိတာလည်း မဟုတ်ဘဲနဲ့ မောင်လေးရယ်"
"အင်းပါ..ကျွန်တော် သောက်လိုက်ပါ့မယ်၊အခု
အစ်မသွားတော့မယ်မဟုတ်လား...ကျွန်တော်
အောက်ထိ လိုက်ပို့ပေးမယ်"
ဒီပါ နှင့် စောမူ အိမ်အောက်သို့ဆင်းလာခဲ့ပြီး
သစ်သားတံတားလေးကနေ လှေငယ်လေးရှိ
ရာသို့ လျှောက်လာခဲ့ရင်း ဒီပါ တို့ရပ်နေသည့်
နေရာသ်ို့ တရွေ့ရွေ့လှော်ခတ်လာသော မဟော့်
လှေလေးကို လှစ်ခနဲလှမ်းမြင်လိုက်ရသည်။
ဒီပါ့ကို မြင်လိုက်သည်နှင့် မဟော်က လှေကို
ခပ်သွက်သွက်လှော်ခက်ကာ ဒီပါတို့ရှိနေသည့်
တံတားနားတွင် လှေကိုရပ်လိုက်ပြီး တိုင်တွင်
လှေကိုချည်လိုက်ကာ လှေဦးတွင် တင်ထား
သည့် ကြာဖြူပန်းစည်းကိုယူလိုက်ပြီး ဒီပါ
ရှိရာသို့လျှောက်လာခဲ့၏။