*ရှောင်းကျန့်ရာ ငါနဲ့ပဲ လိုက်နေစမ်းပါကွာ။ မဟုတ်လဲ မင်းအမေပိုင်တဲ့ ဟိုတယ်လ်မှာပဲ သွားေနလိုက်စမ်းပါ*
*ငါ့ဘာသာပဲ နေချင်တယ်။ ငါရှာခိုင်းတာသာ ရှာပေးစမ်းပါ*
ချန်လင်က စိတ်ညစ်ညူးစွာ ခေါင်းကိုဖွပစ်လေသည်။ ရှောင်းကျန့်ကို စိတ်ပူလို့ သူရှာခိုင်းတာကို ရှာပေးထားပြီးရဲ့နဲ့တောင် မသွားခိုင်းချင်။ စိတ်နာတာကလဲ စိတ်နာတာပေါ့။ မိန်းမတစ်ယောက်အတွတ် ဘဝပျက်မလို ဖြစ်နေတဲ့ သူငယ်ချင်းကိုတော့ ချန်လင်မကြည့်ရက်နိုင်ပေ။
*မင်း အဲ့လိုနေမယ်ဆိုတာ သေချာပြီလား*
*ငါ တွေးထားပြီးသားကို ပြန်မပြင်တတ်ဘူး*
ချန်လင်မှာ မတတ်သာသည့်အဆုံး မျက်ခုံးပင့်ကာ လေပူတွေကို မှုတ်ထုတ်ရတော့သည်။ ပြီးတော့ ရှောင်းကျန့်ကို ကြည့်ကာ စိတ်တွေတောင် လေးလံလာရလေသည်။
ဆံပင်ရှည်တွေက ဂုပ်ထောက်နေသည်။ နိုင်ငံခြားမှာ အနေကြာလာသည့်ကောင်မို့လို့ စတိုင်လ်ကတော့ ခပ်မိုက်မိုက်။ အရပ်ကြီးကလဲ ယောကျာ်းချင်းတောင် မော့ပြီးကြည့်ယူရသည်အထိ။ ပိုက်ဆံကိုလဲ ရေလိုဖြုန်းနိုင်သည့်ကောင်။
ဒီလိုလူမျိုးကိုတောင် သစ္စာဖောက်သွားသည့် မိန်းမကို ချန်လင်မှာ ဓားနဲ့လိုက်ထိုးချင်သည်အထိ။ ရှောင်းကျန့်က မပွေမရှုပ်ပဲ တစ်ယောက်ဆိုတစ်ယောက်ကိုပဲ အတည်တွဲသည့်လူမျိုး။ ပိုက်ဆံရှိတိုင်း မိန်းမတွေမပွေရှုပ်။
ထိုမိန်းမ မျက်နှာကိုသာ တစ်ကမ္ဘာထင်သည့်ကောင်။ နိုင်ငံခြားမှာနေသည့်အလျောက် ဟိုကနေ ထိုမိန်းမလိုသည်များကို အမြဲပို့ပေးနေကြ။ နှစ်ပတ်လည်နေ့တွေဆို ပြန်လာကာ ကြီးကြီးကျယ်ကျယ်ဒိတ်လုပ်ပေးတတ်သည်။
ရှောင်းကျန့်လို ငွေကိုရေလိုဖြုန်းနိုင်သည့်ကောင်ကိုပစ်ပြီး ကိုင်းကြီးကြီးကို သွားနားသည့်သူမ။ ပြန်လာလာချင်း ထိုမိန်းမ၏လက်ထပ်ပွဲနဲ့ ထိပ်တိုက်တွေ့ဆုံရလေသည်။ လက်ထပ်ပွဲကိုတောင် မတက်နိုင်ပဲ အမူးမူးအရူးရူးနဲ့ ချန်လင့်ဆီလာပြီး အိမ်လာရှာခိုင်းသည်။