°5°

10.9K 983 8
                                    

ရှောင်းကျန့် ဒီနေ့မနက်ကနေ နေ့လည်အထိ ဆေးလိပ်တစ်ဗူးသာ ကုန်သေးသည်။ အရင်ကဆို တစ်နေ့ကို ဆေးလိပ်လေးဗူးကို ကုန်နေပြီ။ နေ့လည်စာလဲ ပို့ထားတာကို ကုန်အောင်စားသည်။

ဝမ်ရိပေါ်က တစ်ကယ်ကို ဟင်းချက်ကောင်းပါသည်။ ဝမ်ရိပေါ်၏အဖေက ဆေးမြစ်တွေသွားရှာ၍ ညဘက်မှ ပြန်ရောက်တတ်လေသည်။ ပြန်ရောက်သည့်အခါတိုင်း ရှောင်းကျန့်ဖို့ သစ်သီးတွေ၊ဆေးမြစ်တွေပါလာစမြဲ။ ရှောင်းကျန့် ထမင်းတွေစားပြီး ဆေးလိပ်တွေလျော့သောက်သည်ဆိုတာ ဝမ်ရိပေါ်ဆိုသည့် ကောင်လေးကြောင့်။

အပြုံးချိုချိုလေးနဲ့ ဘယ်လောက်မောင်းထုတ်ထုတ် အပြောမပျက် ဂရုစိုက်မပျက်ခဲ့တာတွေကြောင့်။ဦးလေးကြီးဟုခေါ်ကာ အသံချိုချိုလေးနဲ့ ဆုံးမမှုတွေကြောင့်။

ရှောင်းကျန့် မွေ့ယာပေါ်ထိုင်ကာ အပြင်ဘက်တွင် ရာသီဉတုလေးက သာယာနေ၍ ပြတင်းပေါက်မဖွင့်ပဲ ထိုပြတင်းပေါက်နား ခနထိုင်လိုက်သည်။ လက်ထဲမှာလဲ စီးကရက်တစ်လိပ်ရှိနေသည်။

ခနအကြာမှာတော့ ဝမ်ရိပေါ်နဲ့အတူ ယောကျာ်းတစ်ယောက်ကို ယှဉ်တွဲကာ တွေ့လိုက်ရသည်။ ကြည့်ရတာ ကမည်ထင်သည်။ ရှောင်းကျန့် ထင်သည့်အတိုင်းပင် ဝမ်ရိပေါ်ဟာ Maskအမည်းကို တပ်လိုက်ပြီး ရှပ်လက်ရှည်အဖြူကို ကြယ်သီးသုံးလုံးလောက်ဖြုတ်လေသည်။ ပြီးသည်နှင့် အနောက်ကို ဆွဲချလိုက်၍ ညှပ်ရိုးဖြူဖြူလေးတွေက ထင်းခနဲ။

ဝမ်ရိပေါ်၏ ဘေးကကောင်ကလဲ ရှပ်လက်ရှည်အမည်းကို ရင်ဘတ်ကကြယ်သီးကို အားလုံးဖြုတ်လိုက်ပြီး အလယ်က တစ်လုံးကိုသာ ထားထားလေသည်။ ပြီးသည်နှင့် Maskအမည်းနဲ့ ဦးထုပ်အမည်းကို စောင်းလေသည်။

ကနေသည့် သီချင်းက မြူးမြူးကြွကြွ။ အက က sexyဆန်သည်။ ဝမ်ရိပေါ်နဲ့ဘေးကကောင်ကတော့ အတိုင်အဖောက် ညီစွာ ကနေဆဲ။ ကြည့်နေသည့်ရှောင်းကျန့်ကသာ စိတ်ထဲမယိုးမယွနဲ့ ဒေါသထွက်လာသည်။ အခုချက်ချင်းပင် ဝမ်ရိပေါ်၏ အကျီကို သွားပြီးကြယ်သီးတပ်ပေးလိုက်ချင်သည်။

*ဟ..!*

ဝမ်ရိပေါ်၏ ဘေးကကောင်က ဝမ်ရိပေါ်၏ ခါးကိုမထိတထိဖက်လိုက်ကာ အောက်ပိုင်းတွေက လှုပ်ရမ်းပြီးကနေကြဆဲ။ ကြည့်နေရင်း ဒေါသအလျောက် ရှောင်းကျန့်မှာ အနားကရှိသည့် နံရံကြီးကို ဆောင့်ကန်မိသွားသည်။

UnchangedWhere stories live. Discover now