°40°

13.8K 867 52
                                    

ကားအဖြူတွေဖြင့် ဆိုက်ရောက်လာကြသည်က တစ်စီးပြီးတစ်စီး။ ကားပါကင်တစ်ခုလုံးလဲ ဖွေးဖွေးလှုပ်နေကာ မဂ်လာပွဲကို လာတက်သည့် သူတိုင်းကလဲ အဖြူဝတ်စုံတွေဖြင့်။ ရိပေါ်၏ ဖန်တွေကလဲ ပွဲလာတက်ကြကာ သူမတို့idol၏ မဂ်လာပွဲကို လာချီးမြှင့် ကြလေသည်။

ပင်လယ်ပြာကြီးကို နောက်ခံထားထားကာ မဂ်လာ စင်မြင့်ကလဲ အဖြူရောင်တွေကြည့်ပဲ သုံးထားပြီး ပန်းတွေကလဲ ဖွေးဖွေးလှုပ်ကာ လေတိုက်တိုင်း ယိမ်းနွဲ့နေကြလေသည်။

ဖာသာနှင့် ရှောင်းကျန့်က ရိပေါ်၏ အလာကို မဂ်လာစင်မြင့်ကနေ စောင့်နေကြလေသည်။ ခနအကြာ လျှောက်လမ်းကနေ တစ်ဖြေးဖြေးချင်း လှမ်းလာနေသည့် ရိပေါ်။ ရှေ့က ပန်းကြဲနေသည့် ကလေးမလေးကလဲ ပန်းဖြူဖြူတွေကို ရိပေါ် လျှောက်မယ့် လမ်းတစ်လျှောက် ကြဲချထားလေသည်။

ဖုန်းတွေဖြင့် ဓာတ်ပုံရိုက်သူကရိုက်၊Liveလွှင့်သူက လွှင့်နှင့် ရိပေါ်တို့၏ လက်ထပ်ပွဲလေးက အတော်ပင် နာမည်ကြီးနေလေပြီ။ အားလုံးကလဲ အားကျမှုတွေဖြင့် အတူ လက်ခုပ်သံတွေ ဆူညံနေသည်။

မျက်ရည်တွေနှင့် ငိုနေသော ရှောင်းကျန့်က နှုတ်ခမ်းတွေကတော့ ပြုံးနေလေသည်။ အချစ်ဆုံးသူကို ပိုင်ဆိုင်လိုက်ရသည့် ခံစားချက်ကို သူ တောင့်မခံနိုင်ခဲ့။ ဝမ်းသာလွန်း၍ မျက်ရည်တွေဟာ တားဆီးမရ။

အမြဲ ချစ်မဝခဲ့သည့် ဒီကောင်လေးကို အခု သူပိုင်ဆိုင်ရတော့မည်။ အမြဲ တယုတယ မြတ်နိုးရသည့် ဒီကောင်လေးက သူ့အပိုင်ဆိုသည့် ခံစားချက်က မျက်ရည်တွေကို သွင်သွင် စီးကျစေခဲ့သည်။

စင်မြင့်ပေါ် ရောက်သွားသည်နှင့် ရှောင်းကျန့်ဟန်ပင်မဆောင်နိုင်ပဲ ရိပေါ်ကို သိုင်းဖက်ကာ ငိုလေတော့သည်။ ရိပေါ်ကတော့ အပြုံးလေးဖြင့်သာ ရှောင်းကျန့်ကျောပြင်ကို ခပ်ဖွဖွ ပုတ်လျက်။

ကိုကိုက ရိပေါ်နဖူးလေးကို ရှိုက်နမ်းကာ ဖာသာ့ရှေ့ ကတိသစ္စာပြုလေသည်။ တွဲထားသည့် ရိပေါ်၏ လက်ကိုလဲ ခပ်တင်းတင်းဆုပ်ကိုင်ထားကာ လွှတ်မချခဲ့။ ရိပေါ် မျက်နှာကိုလဲ ခနခနလှည့်ကြည့်ကာ ပြုံးပြနေလေသည်။

UnchangedWhere stories live. Discover now