*ကိုကို...ချန်ချန့်ကို တကယ်မေ့နိုင်ပြီလား*
ရိပေါ် စပ်စုတာတော့မဟုတ်ပေမယ့် ခြံအနောက်ဘက်က ထွက်ပေါ်လာသည့် အသံတွေကြောင့် ချောင်းကြည့်မိလိုက်သည်။ ကိုကို့ကို ဖက်ထားသည့် ချန်ယင်း ကျဲ။
ရိပေါ် ဘာလုပ်သင့်သလဲ။ ကိုကို့ကို ကြည့်လိုက်တော့ တည်တင်းနေသည့် မျက်နှာက ထိုကျဲ ဖက်ထားတာကို သဘောမကျသလို။ ရိပေါ် စိတ်ထဲ နည်းနည်းလေး ပျော့သွားပေမယ့် ကိုကို လို့ခေါ်ကာ ဖက်ထားဆဲ ချန်ယင်းကျဲကြောင့် နေရတာတော့ အဆင်မပြေ။
*ငါ မင်းကိုမေ့နိုင်လို့ ဒီအိမ်ကို ပြန်လာတာ ချန်ယင်း။ ကျေးဇူးပြုပြီး ငါနဲ့မပတ်သတ်ပါနဲ့။ ငါ့မှာ ရိပေါ်ရှိနေပြီ*
*ကိုကို ရိပေါ်ကို တကယ်မချစ်ပါဘူး။ ကိုကို ဆိုတဲ့နာမ်စားတောင် ချန်ယင်းအစား ခေါ်ခိုင်းနေတာမလား။ ကိုကို့အကြောင်း ဘေဘီအသိဆုံးပါ*
*တော်စမ်း ချန်ယင်း..ဇာတ်လမ်းထဲက ဇာတ်ဝင်ခန်းအချို့ကြည့်ပြီး ငါ့ကိုလာမပြောနဲ့။ ဝမ်ရိပေါ်ကို ကိုကိုလို့ ခေါ်ခိုင်းတာက သူငါ့အပေါ် အားကိုးချင်စိတ်ဖြစ်အောင်လို့။ သူ ကိုကိုလို့ ခေါ်လိုက်တိုင်း ငါ့စိတ်ညစ်စရာတွေက မြူတွေလိုပဲ ပျောက်ကွယ်သွားတတ်လို့။ မင်းနဲ့ ဘယ်နားမှ သက်ဆိုင်မနေဘူး ချန်ယင်း*
*ကိုကို့..!*
ချန်ယင်းကျဲက အကျယ်ကြီး အော်ဟစ်လာကာ ကိုကိုက ကျဲကို တွန်းထုတ်ပစ်လေသည်။ ရိပေါ်မှာ ဝမ်းနည်းစိတ်ကြောင့်လား၊ဝမ်းသာစိတ်ကြောင့်လားမသဲကွဲပဲ မျက်ရည်တွေ စီးကျလာလေသည်။
*ကိုကိုရဲ့ ဝမ်ရိပေါ်ကရော ကိုကိုနဲ့ချန်ယင်းကသာ အရင်ကရည်းစားတွေပါ သိသွားရင်ရော သူ ဒီအိမ်မှာ ဆက်နေချင်ပါ့မလား။ ပြီးတော့ ကိုကို့ကို ယုံပါတော့မလား ဟင်*
မထိတထိ မေးလာသည့် ချန်ယင်းက မျက်နှာကိုဖြတ်ရိုက်ချင်စရာ ရုပ်ဖြင့်။ ရှောင်းကျန့် မချိုမချဉ်ပြုံးကာ ချန်ယင်း၏ မျက်နှာနားသို့ တိုးကပ်သွားလိုက်ကာ
*မင်းက ငါပြောတာတွေကို ခုထိနားမလည်သေးတာပဲ။ ဝမ်ရိပေါ်က ငါ့ထက်နားလည်နိုင်စွမ်းရှိတယ်။ မယုံရင် မင်းသူ့ကို ငါတို့နှစ်ယောက်ရဲ့ အရင်က ပတ်သတ်မှုကို သွားပြောကြည့်လိုက်ပါလား။ ပြုံးပြုံးလေးနဲ့ ခေါင်းသာ ညိမ့်ပြလိမ့်မယ်။ ငါ့ကောင်လေးက မင်းထင်ထားသလို စိတ်ဓာတ်မသေးသိမ်ဘူး ချန်ယင်း*