*ညစာ စားရအောင် ရိပေါ်*
အိမ်အဝဆီ လှမ်းကြည့်ကာ တွေတွေလေး ထိုင်နေသည့် ကောင်လေးအနား ရှောင်းကျန့် ဝင်ထိုင်လိုက်သည်။ ပုခုံးလေးကို သူ့လက်ဖြင့် ဆွဲဖက်ကာ ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။
ဒီနေ့က ရိပေါ်ပါးပါးဆုံးတာ သုံးရက်မြောက်နေ့တောင် ဖြစ်နေလေပြီ။ ရိပေါ်နဲ့ရှောင်းကျန့် လိုက်သွားသွားချင်း မှီလိုက်သည်က စုတ်ပြတ်သတ်နေသည့် ဦးလေးဝမ်၏ အလောင်း။
သစ်ပင်ကိုင်း ကျိုးကျကာ ဗိုက်ပေါ်ပိနေ၍ ပါးစပ်ကနေသွေးတွေ အန်ထွက်နေလေသည်။
*လက်ရှည်လေးတော့ ဝတ်လေကွာ။ အပြင်မှာ အေးတယ်*
*ပါးပါးလဲ အေးနေမှာပေါ့နော် ဦးလေးကြီး*
ရိပေါ်စကားကြောင့် ရှောင်းကျန့်မှာ ဖြေစရာမရှိ။ ဒီအိမ်မှာ ရှောင်းကျန့်နေလာသည့် တစ်လျှောက် ရိပေါ်တို့ သားအဖနှစ်ယောက် ဘယ်လောက်ချစ်ကြသည်၊ပွင့်လင်းကြသည်ကို ရှောင်းကျန့်အသိ။
အခုလို ဖြစ်သွားတော့ ရိပေါ်အတွတ် ကမ္ဘာပြိုပျက်သွားသလို ခံစားလိုက်ရသည်ထင်။
*ဦးလေးက အခြားနေရာတစ်ခုကိုတောင် ရောက်နေလောက်ပြီလေ ကလေးရဲ့။ ကလေးအခုလို လုပ်နေမှ ဦးလေးက ထွက်မသွားနိုင်မှာ*
အိမ်အဝကို ရိပေါ်ကမျှော်ငေးနေကာ
*ကျွန်တော်လေ ညက တစ်ယောက်ထဲ ခြံထဲဆင်းကြည့်သေးတယ်။ ပါးပါးများ ပြန်လာလေမလားပေါ့။ ပါးပါးက မကောင်းဘူး။ ပြန်လာပါ့မယ် ကတိပေးပြီး ပြန်လဲ မလာဘူး။ အနည်းဆုံးတော့ ကျွန်တော့်ကို သူ့ကိုယ်ရိပ်လေး လာပြသင့်ပါတယ်*
*ကလေးရာ*
ငိုပြီး သူ့ရင်ခွင်ထဲ မျက်နှာလာအပ်သည့် ကောင်လေးကြောင့် ရှောင်းကျန့် ထိုခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ် ဖက်ပစ်လိုက်သည်။ ကိုယ့်ရင်ငွေ့က မင်းပါးပါးထက် မနွေးနိုင်ပေမယ့် မင်းပါးပါးလောက်တော့ နွေးထွေးစေရပါမယ်။
*မင်းအနားမှာ ကိုယ်အမြဲရှိနေမှာလေ။ ဦးလေး အစားကိုယ်က မင်းကို အပြည့်အဝကာကွယ်ပေးပါ့မယ်*