ဒီနေ့က ချန်လင်နှင့် ရှင်းယောင်တို့၏ လက်မှတ်ထိုးပွဲ။ အဝတ်အစားကတော့ ဟိုတစ်နေ့က ဝယ်ထားသည့် အဝတ်အစားဖြင့် နှစ်ယောက်လုံးက ခန့်ညားနေကြသည်။ ရှင်းယောင်ဘက်က သူ့မားမားက ထိုင်ကာ ချန်လင့်ဘက်က ချန်လင့်၏မိဘနှစ်ပါးက ထိုင်လေသည်။
ချန်လင့်မိဘတွေက ချန်လင်လုပ်သမျှကို ဆိုးသည်ကောင်းသည်မဝေဖန်။ သူရွေးတဲ့လမ်း သူ အဆင်ပြေတယ်ထင်ရင် လျှောက်ပါစေတဲ့။
ရှောင်းကျန့်နဲ့ရိပေါ်ကတော့ အသိသက်သေနေရာက နေရလေသည်။ လက်မှတ်ထိုးပွဲ ပြီးသည်နှင့် ရှင်းယောင်မားကို အိမ်ပြန်ပို့ပေးကာ ရှောင်းကျန့်တို့ကို နေ့လည်စာ လိုက်ကျွေးလေသည်။
*စားချင်တာ မှာကြနော်။ ရှောင်းကျန့် မင်းက လူကြီးဆိုတော့ ရိပေါ်ကြိုက်တတ်တာလေးတွေမှာပေးလိုက်အုံး*
ချန်လင်က တူကို တစ်သျှူးဖြင့်သုတ်ကာ ရှင်းယောင်ကို ကမ်းပေးလေသည်။ ရှင်းယောင်က ဖြတ်ခနဲယူကာ ကျေးဇူးဟု တိုးတိုးလေးပြောလေသည်။
နေ့လည်စာလို့ ပြောပေမယ့် အခုဟိုတယ်က တရုတ်မှာ နာမည်အကြီးဆုံးပင်။ နိုင်ငံခြားမှာတောင် ရခဲသည့် ဟင်းလျာတွေကို ဒီမှာရသည်။
*ကလေး ကြိုက်တာမှာနော်*
မီနူးကို ရိပေါ်ဘက်တိုးပေးကာ ရှောင်းကျန့်နဲ့ ရိပေါ်က ဟင်းလျာတွေ အတူတူရွေးနေလေသည်။ ရှင်းယောင်က ရေတစ်ခွက်အရင်တောင်းကာ ချန်လင်ကြိုက်တာ မှာခိုင်းလေသည်။
*ဆေးခန်းကိုက ငါလဲ လှည့်ဖြစ်မှာ မဟုတ်မယ့်အတူတူ ဆရာဝန်ငှားပြီး အဲ့မှာပဲ နေခိုင်းကြရတော့မှာပေါ့။ ရှင်းေယာင်ကလဲ ဒီမှာပဲ နေမှာမလား*
*ဟုတ်ကဲ့။ ကျွန်တော်က မေမေ့ကြောင့်ပါ။ မေမေက ဒီမှာပဲ နေချင်နေတော့*
ရှင်းယောင်က ပြုံးနေပေမယ့် စိတ်မပါ။ ဒီလက်ထပ်ပွဲက မားက ချန်လင်ဆိုသည့်လူဆီ သူ့ကို ရောင်းစားလိုက်သလိုပင် ခံစားနေရသည်။ တစ်ကယ်ကို စိတ်ပျက်စရာ အခြေအနေတစ်ခုပင်။
ရှောင်းကျန့်က နားလည်သလို ပြုံးကာသာ နေေလသည်။ ချန်လင်ကတော့ ဘာကိုမှ ဂရုမထားဟန် တူကိုပင် လှည့်နေသေးသည်။ ရှောင်းကျန့်လဲ တူကို ထုတ်ကာ လက်ကိုင်ပဝါနဲ့သုတ်လိုက်ပြီး ရိပေါ်ဆီ လှမ်းပေးလိုက်သည်။