*ဟိတ်ကောင် ဟိုကောင်လေးက dancerလား*
ချန်လင်က မျက်စပစ်ကာပြောလာ၍ ရှောင်းကျန့် ခေါင်းကိုအနောက်လှည့်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။
ရှောင်းကျန့်ဆီရောက်နေသည့် ချန်လင်က အပြင်ကိုလှမ်းကြည့်လိုက်သည့်အချိန် မြင်လိုက်ရသည်က sound boxနဲ့သီချင်းဖွင့်ကာ ကနေသည့်ကောင်လေးကို မြင်လိုက်ရလေသည်။ အရှေ့ကလဲ ဖုန်းကိုထောက်တိုင်နဲ့ထောက်ထားကာ ကနေတာကို ရိုက်ထားသေးသည်။
*သူနဲ့ငါက ဘာပတ်သတ်လို့ ငါကသိရမှာလဲ*
*အေးပါကွာ..ပြောမိတဲ့ငါမှားတာ။ ကနေတာ တော်တော်တော့ မိုက်တယ်ဟ..အကြည့်လွဲရမှာတောင် မလွှဲချင်ဘူးကွာ*
*မလွှဲချင် မလွှဲနဲ့ကွာ*
ရှောင်းကျန့်က စီးကရက်ကိုဖွာကာ ခပ်ဆက်ဆက်ပြောလိုက်သည်။ ရှောင်းကျန့်လဲ ဝန်ခံပါသည်။ ထိုကောင်လေးကနေတာ အရမ်းမိုက်သည်ဆိုတာကို။ ပုံစံကလဲ အကြည့်မလွှဲချင်လောက်အောင် ဆွဲဆောင်မှုပြင်းနေလေသည်။
ဖြတ်ခနဲကြည့်လိုက်သည့် ရှောင်းကျန့်ရင်ဘတ်တောင် ဒိတ်ခနဲဖြစ်သွားခဲ့သေးသည်။
*အဲ့ကောင်လေး ဒီပြတင်းပေါက်က အပြင်ကိုလှမ်းမြင်ရတယ်ဆိုတာ မသိဘူးနေမှာဟ*
ဝမ်ရိပေါ်က ရှောင်းကျန့်ပြတင်းပေါက် ပိတ်ထား၍ သူ့ကိုမမြင်ရဘူးဟု ထင်နေသည့်ပုံ။ ရှောင်းကျန့် ဘီယာကိုမော့ရင်း ဝမ်ရိပေါ်ကို နောက်တစ်ခါထပ်ကြည့်မိပြန်သည်။
ရှပ်လက်ရှည်အနက်ကို ကြယ်သီးသုံးလုံးလောက်ဖြုတ်ကာ အနောက်ကိုအနည်းငယ်ဆွဲချထား၍ ညှပ်ရိုးဖွေးဖွေးနဲ့ ရင်ဘတ်ဖြူဖြူအုအုလေးက အထင်းသား။ ထို့အပြင် လက်မြှောက်ပြီးကလိုက်တိုင်း ပေါ်လာသည့် ဗိုက်သားချပ်ချပ်လေးတွေက မြင်သူကို ရေဆာစေသည်။
Style pantအနက်လေးကလဲ သေးသွယ်သည့်ပေါင်တံနှင့်ခြေသလုံးလေးတွေကို ပိုထင်းစေသည်။ ဦးထုပ်အနက်ကို ခပ်ငိုက်ငိုက်စောင်းကာ Maskအနက် တပ်ဆင်ပြီးကနေသည့် ကောင်လေးက Koreaမင်းသားတွေနဲ့သွားတူသည်။
*ငေးလှချည်လားဟ..ဟဲဟဲ*
ချန်လင်က ပြုံးဖြီးဖြီးနဲ့စမှ ရှောင်းကျန့် ချောင်းဟန့်ကာ ဘီယာကို ဟန်မပျက် ဆက်သောက်နေလိုက်သည်။ ချန်လင်ကတော့ ဘေးကနေပြုံးစိစိကြည့်နေဆဲ။