ဆိုဖာပေါ်မှာထိုင်ရင်း ရှိုက်ငိုနေသည့် ကောင်လေးကြောင့် ချန်လင် ဆံပင်တွေကို လက်နဲ့ဖွပစ်လိုက်မိသည်။ ဖရိုဖရဲ ဖြစ်နေသည့် အဝတ်အစားတွေနှင့် အောက်မှာပုံကျနေသည့် လက်ရှည်အပါးလေး။
မိုးတွေကလဲ စွေနေသလို တစ်ခါတစ်ခါ ထစ်ချုန်းလာသေးသည်။ ဖုန်းကိုကြည့်လိုက်တော့ ၇နာရီထိုးပြီ။ ချန်လင် မနေနိုင်သည့်အဆုံး ထိုင်ရာကနေထပြီး ချောင်ရှင်းယောင်အနား သွားထိုင်လိုက်သည်။
*အိမ်ပြန်လိုက်ပို့ပေးမယ်*
ထိုင်ဖို့ထဖို့ ခက်နေသည့်ကောင်လေးက သူ့အကူအညီယူမှ အဆင်ပြေလိမ့်မည်။ သူ ဘယ်လောက်ကြမ်းထားမိလဲဆိုတာ အခန်းထဲက ပျက်စီးနေသည့် အရာတွေကို ကြည့်ရုံဖြင့် သိနိုင်သည်။
တစ်ကယ်ကို ဇောင်းထဲက လွှတ်လိုက်တဲ့မြင်းလိုပဲ။
ချန်လင်တောင် ပေါင်တွေတောင့်နေရင် ထိုကောင်လေးဆို မတွေးရဲစရာ။*ဟေ့..အိမ်ပြန်လိုက်ပို့ပေးမယ်*
ချန်လင်ပြောတာတွေကို မကြားယောင်ဆောင်ကာ ထိုင်ရာကနေ ဆက်ခနဲထလိုက်သည့် ကောင်လေး။
*အား..ဟင့်*
ခါးလေးကိုင်းကာ ဆိုဖာဘောင်ကို ကိုင်ပြီး ငိုလာလေသည်။ အဲ့တာတွေသိလို့ အိမ်ပြန်လိုက်ပို့ပေးပါမယ်ဆိုတာ ဒီကောင်သေးလေးက လက်မခံ။
*အဲ့တာမို့ ငါ လိုက်ပို့ပေးမယ် ပြောတာပေါ့။ ငါလုပ်လိုက်တာ ငါ့လက်စငါသိလို့ ပြောနေတာ*
*ခင်ဗျား ပါးစပ်ကို ပိတ်ထား။ လူယုတ်မာ..တဏှာရူး*
*အေး အေး..အခုချိန်ကမှ လူပိုပြတ်တာနော်။ ငါ ထသောင်းကျန်းမှ ထပ်မငိုနဲ့*
ချန်လင့်စကားတွေကြောင့် ရှင်းယောင်မှာ မျက်နှာတွေ ဖြန်းခနဲပူတက်သွားသည်။ ရှက်လဲရှက်သည်။ မားမားနဲ့ ရင်ဆိုင်ရမည်ကိုလဲ မတွေးရဲ။ အခုတောင် ထိုင်ဖို့ထဖို့ ခက်ခဲနေလေပြီ။
တစ်ကိုယ်လုံးလဲ ကိုင်ရိုက်ထားသလို နာကျင်နေသည်။ အိပ်ယာပေါ် ခွေလှဲပစ်ချင်သည်။ ရိုင်းရိုင်းပြောရရင် ရှင်းယောင်က မုဒိမ်းကျင့်ခံခဲ့ရသည်ပဲ။ အလိုမတူပဲ အတင်းအဓမ္မ သိမ်းပိုက်ခံခဲ့ရတာ။