ရှောင်းကျန့် ရိပေါ်ကို ရှန်ဟိုင်း၏ နေရာစုံကို လိုက်ပို့ပေးခဲ့သည်။ ဒီနေ့ကတော့ ရှန်ဟိုင်းကို ရောက်တာ ငါးရက်မြောက်နေ့ ဖြစ်သည်။ တစ်ပတ်လောက်နေပြီး ပြန်မည်ဟု ဆုံးဖြတ်ထား၍ ဒီနေ့ ပါးပါးဆီသို့ ခနလောက် သွားရမည်။
သူ ရိပေါ်ကို ကတိပေးထားသည်လေ။
*ကျွန်တော် အဆင်ပြေရဲ့လားဟင် ကိုကို*
ရိပေါ်၏ ကိုကိုဟု ခေါ်သည့် စကားသံအကြား ရှောင်းကျန့် ရင်တွေတောင် တဒိတ်ဒိတ်ခုန်လာသည်။ အသံလေးက ချိုပြီး ရင်ထဲအေးမြသွားသည် အထိ။
ရှပ်အပြာလေးကို စတိုင်လ်ပန် အနက်နှင့်တွဲဝတ်ထားသည့် ကောင်လေးက ခန္ဓာကိုယ် အချိုးအစားကလှတော့ ကြည့်ကောင်းစွာ တောက်ပနေလေသည်။
*အဆင်ပြေပါတယ်။ သွားရအောင်လေ*
ချန်လင်ပေးခဲ့သည့် ကားသော့ကို ယူကာ အပြင်ရောက်သည်နှင့် ရိပေါ်ဖို့ ကားတံခါးဖွင့်ပေးလိုက်သည်။ ကားတံခါးအပေါ်ကိုလဲ လက်နဲ့အုပ်ထားရသေးသည်။ တော်ကြာ ရိပေါ်က ကားတံခါးကို ခေါင်းနဲ့ဆောင့်မိနေမှာစိုး၍။
*ကျွန်တော် ရင်တွေခုန်နေပြီ*
ပါးပါးကို သွားတွေ့ရမည်စိုး၍ ကြောက်နေသည့်ကောင်လေးကြောင့် ရှောင်းကျန့် သွားပင်မသွားချင်တော့။
*အရမ်းကြောက်နေရင် မသွားတော့ဘူး။ သွားမတွေ့လဲ ဘာမှဖြစ်မှာမှမဟုတ်တာ*
*ဟင် မကြောက်ပါဘူးကိုကိုရဲ့*
ရိပေါ်မှာ အမြန်ပင် ဖြေရှင်းချက်ထုတ်ရသည်။ မဟုတ်လျှင် ကိုကိုက တကယ်ကို နောက်ပြန်လှည့်မည့် ပုံစံရှိနေလေသည်။ ကြောက်တာကတော့ ကြောက်ပေမယ့် ကိုကိုရှိနေတော့ တအားတော့ မကြောက်ပေ။
*ရှေ့နားဆို ရောက်ပြီ*
ရိပေါ်တို့ ကားလေးက ခြံဝန်းကျယ်ကြီးထဲ ကွေ့ဝင်လာကာ အိမ်ကြီးဆီရောက်ဖို့ ကား ဆယ်မိနစ်လောက် စီးရသေးသည်။ ပတ်ဝန်းကျင်တွင်လဲ အလုပ်သမားတွေ အများကြီးက ပန်းခြံတွေကို ရှင်းလင်းနေကြလေသည်။
ရိပေါ်မှာ ငေးပြီးရင်း ငေးနေရတော့သည်။
ဆင်ဝင်အောက်ကို ကားထိုးရပ်လိုက်သည်နှင့် အိမ်ထဲကနေ လှမ်းထွက်လာသော အမျိုးသမီးတစ်ယောက်။