°3°

10.3K 956 6
                                    

*ဒေါက်..ဒေါက်*

ရိပေါ် ဦးလေးကြီး၏ အခန်းကို တံခါးခေါက်နေပေမယ့် အထဲက ဘာအသံမှမကြားတာကြောင့် တံခါးကို အသာလေးလှပ်ကာ အခန်းထဲ တိတ်တိတ်လေး ဝင်လာခဲ့သည်။

ဦးလေးကြီး၏ အခန်းက အိမ်၏အနောက်မှာ ထည့်ထားသည့် အခန်းပိုမှာနေသည့်အတွတ် ရိပေါ်၏ အခန်းနဲ့က အထက်နဲ့အောက်လို ဖြစ်နေလေသည်။

*ဟင်..မစားထားဘူးလား*

ဦးလေးကြီး၏ သူငယ်ချင်းပြန်သွားပြီး တစ်နာရီလောက်ကြာမှ ရိပေါ်က ဦးလေးကြီး နေ့လည်စာ စားမစားသိချင်၍ ပြန်လာခဲ့တာဖြစ်သည်။

ကုတင်ပေါ်မှာ အိပ်နေသည့် ဦးလေးကြီးကို ကြည့်ရတာ အလဲလဲအပြိုပြိုဖြစ်နေသည့် ပုံစံ။ ဆံပင်ရှည်ကြီးတွေနဲ့ မုတ်ဆိတ်တွေရော၊ပါးသိုင်းမွှေးတွေပါ ပေါက်နေလေပြီ။လည်ပင်းပေါက် V ပုံစံအနက်ရောင်လက်ရှည်အပျော့သားကို ဝတ်ထား၍ ဦးလေးကြီး၏ ပုံစံက အရှုံးသမားကြီးလို ဖြစ်နေလေသည်။ ထို့အပြင် အခန်းတစ်ခုလုံးက မှောင်ပိတ်ကာ ပြတင်းပေါက် ရသည့်အလင်းရောင်ပဲရှိ၍ အခန်းထဲက အနံ့အသက်ကလဲမကောင်း။

မွေ့ယာစွန်းပေါ် တင်ထားသည့် လက်ချောင်းတွေကို ကြည့်မိတော့ နီရဲနေတာများ ထိရက်ဖွယ်မရှိလောက်အောင်။ အကြောစိမ်းတစ်ချို့ကလဲ ထိုးထိုးထောင်ထောင်။ ကြည့်ရတာ နေမထိလေမထိ နေလာရသည့် သူဋေးသားနဲ့တူနေလေသည်။

မျက်ဝန်းတွေကိုမှိတ်ထား၍ ရှည်လားသည့်မျက်တောင်ကော့ကော့ရှည်ရှည်ကြီးတွေက မဲနက်နေကာ နှာတံသွယ်သွယ်နှင့် နီရဲထွေးနေသည့် နှုတ်ခမ်းတစ်စုံက လိုက်ဖက်လွန်းလှသည်။ မျက်နှာမှာလဲ အဖုအထစ်တစ်ခုတောင်မရှိအောင် ချောမွေ့နေလေသည်။

သေချာကြည့်မိလေ ဦးလေးကြီးက ချောလေဖြစ်သည်။

ဦးလေးကြီးကို စူးစမ်းပြီးတော့ အခန်းတစ်ခုလုံးကို လှည့်ပတ်စပ်စုပြန်သည်။ ဘီယာဘူးခွံ‌ေတွက ပျံ့ကြဲနေ၍ ရိပေါ်က ကောက်သိမ်းကာ အခန်းထောင့်မှာ စုပုံထားလိုက်တော့ အခန်းလေးက သပ်သပ်ရပ်ရပ်ဖြစ်သွားသည်။ ဆေးလိပ်တိုတွေကိုလဲ လိုက်ကောက်စုကာ တွေ့သည့် အိတ်အနက်ထဲ စုထည့်လိုက်သည်။

UnchangedWhere stories live. Discover now