မနက်စာ လာပို့သည့် သူက ဝမ်ရိပေါ်၏ ပါးပါး။ ရှောင်းကျန့်ကိုယ်တိုင်လဲ စောနကမှ အိပ်ယာနိုးလာ၍ မျက်နှာသုတ်နေတုန်း ဝင်လာသည့် ဝမ်ရိပေါ်၏ ပါးပါးကြောင့် ပြုံးပြလိုက်သည်။ သူ့စိတ်တွေ အရင်ကလောက် မခက်ထန်တော့ဘူးထင်၏။
*ငါ့တူရေ ဒီမနက်စာက ဦးလေးချက်ထားတာဆိုတော့ ကောင်းရောကောင်းပါ့မလား မသိဘူးကွာ။ ဟိုကလေးက အညှော်ခံလို့မရလို့လေ*
*ရပါတယ် ဦးလေး..ဒါနဲ့ ဝမ်ရိပေါ်ရော သက်သာလားဗျ*
ရှောင်းကျန့် ဖော်ဖော်ရွေရွေသာ ဆက်ဆံမိသည်။ ဦးလေးက သူနဲ့စာလျှင် အသက်လဲကြီးပြီး ရှောင်းကျန့်ကို သားအရင်းလို ဂရုစိုက်မှန်း ရှောင်းကျန့်သိသည်။
*နေမကောင်းဖြစ်နေတယ် ငါ့တူရ..ဦးလေးကလဲ ခနနေ ဆေးမြစ်တူးသွားမှာဆိုတော့ ဆေးလေးပဲ တိုက်ခဲ့ပြီး နေ့လည်စာတော့ တစ်ခါထဲ ပြင်ပေးခဲ့လိုက်တယ်*
*အော် ဟုတ်*
ဝမ်ရိပေါ်၏ အဖေထွက်သွားမှ ရှောင်းကျန့် အဝတ်အစား လဲလိုက်သည်။ ဒီနေ့ ရှောင်းကျန့် စိတ်တွေ ကြည်လင်နေသည်။ မနက်လင်းတာနဲ့ အရင်ကလို သူမအကြောင်းတွေ မတွေးမိတာလဲ ပါလိမ့်မည်။ အခုလောလောဆယ် သူ့အတွေးတွေထဲ ဝင်ရောက်နေတာက ဝမ်ရိပေါ်။
နေမကောင်း အရမ်းဖြစ်နေမလား တွေးမိတော့ စိတ်တွေဂဏာမငြိမ်ဖြစ်လာသည်။ ဒါပေမယ့် သူ့ကိုသူ ပြန်ထိန်းလိုက်သည်။ချန်လင်ပြောသလိုပဲ ဝမ်ရိပေါ်ကို သူ စိတ်ရှိနေသလားဆိုတော့လဲ မဟုတ်နိုင်ဘူးထင်။
သူ့ဘဝကို ကယ်ပေးခဲ့လို့ ဝမ်ရိပေါ်ကို သူ သဘောကျတာ။ ဒါလောက်ပဲ ဖြစ်နိုင်မည်ထင်သည်။ ဘာလို့ဆို ရှောင်းကျန့်ဟာ သူမအပေါ် အခုထိ စိတ်မပျက်နိုင်သေး။ သူ့ကို ထားခဲ့ရသည့် အကြောင်းအရင်းရှိမည်ဟုလဲ ထင်သည်။
ဝင်လာသည့် အတွေးပေါင်းစုံကို မောင်းထုတ်ကာ ရှပ်လက်တို မီးခိုးရောင်အပွကြီးကို ဒူးကျဘောင်းဘီအနက်ဖြင့် တွဲဝတ်လိုက်သည်။ ဆံပင်ရှည်တွေကို အနောက်မှာ ချထားကာ ဆေးလိပ်တစ်လိပ်သောက်လိုက်သည်။
သူ ဝမ်ရိပေါ်ကို သွားမကြည့်မိအောင် စိတ်ထိန်းထားသည်။ သူ ဝမ်ရိပေါ်၏အပေါ်ကို ဘာစိတ်မှမရှိဘူးဆိုတာကို ချန်လင်ကို ပြချင်သည်။