°24°

10.2K 1K 36
                                    

ရှောင်းကျန့် ဆေးလာပို့ခိုင်းထား၍ ချန်လင် ရှောင်းကျန့်၏ ဆေးခန်းကို ရောက်နေလေသည်။ သူ့ရှေ့မှာ ထိုင်နေသည့် ကောင်လေးက ဆေးတွေကို စစ်နေကာ ပါးစပ်ကလဲ ပွစိပွစိဖြင့် ဘာတွေရေရွတ်နေမှန်းမသိ။

ချန်လင့်ရှေ့မှာ ကော်ဖီလေးတောင်မရှိပေ။ ပါလာသည့် ဆေးလိပ်ကို အပျင်းပြေသောက်ရန်ပြင်လိုက်သည်။

*ဒီမှာခင်ဗျ*

အရှေ့က ကောင်သေးလေးသည် ဆူပုပ်ပုပ်မျက်နှာလေးဖြင့် ချန်လင့်ကို ခေါ်နေလေသည်။ ဆေးကျန်နေသည်ထင်၍ ချန်လင်က ဆေးလိပ်ကို မီးညှိရန်ပြင်နေသည်မှ ခနရပ်ကာ

*ဘာကျန်ခဲ့လို့လဲ*

*မကျန်ခဲ့ပါဘူးဗျ။ ဒါပေမယ့် ဒီဆေးခန်းမှာ ဆေးလိပ်သောက်လို့မရပါဘူး။ လူနာတွေနဲ့မို့လို့ပါ*

*ကိုယ်က အခုနားနေခန်းထဲ ရောက်နေတာလေ။ တံခါးတွေလဲ ပိတ်ထားပါတယ်။*

*ဒါပေမယ့် ကျွန်တော်ခွင့်မပြူပါဘူး*

မျက်နှာတည်လေးနှင့် ပြောနေသည့် ချောင်ချောင့်ကြောင့် ချန်လင်ရယ်ကျဲကျဲနှင့် အောက်နှုတ်ခမ်းကို ကိုက်ကာ လက်ကကိုင်ထားသည့် ဆေးလိပ်ကိုလဲ အောက်မချပေ။

*ဆေးလိပ်အစား တစ်ခုခုလုပ်ရရင်တော့ ကိုယ် ဆေးလိပ်မသောက်ပဲ နေမှာပါ*

မျက်ခုံးလုံးလုံးသွယ်သွယ်လေးတွေက စုကြုံ့သွားသည်။ နှုတ်ခမ်း စူလုံးလုံးလေးက ရှေ့သို့ထော်ထွက်လာကာ

*ဘာလုပ်ချင်လို့လဲ*

*အင်း..*

ပြုံးစစနှင့် မတ်တပ်ရပ်ကာ ချောင့်ချောင့်ကျောဘက်ကနေ ရှေ့ကစားပွဲပေါ် လက်ထောက်လိုက်တော့ ချောင့်ချောင့်ကိုယ်လေးက ချန်လင့်ရင်ခွင်ထဲ ရောက်သွားလေသည်။

*ခင်ဗျား ဘာလုပ်တာလဲ*

ချန်လင့်ကို မော့ကြည့်ကာ တည်တင်းနေသည့် မျက်နှာလေးကြောင့် ချန်လင် မျက်ခုံးပင့်လိုက်ကာ

*ဘာလုပ်ရမှာလဲ*

ချောင်ချောင် ထိုလူ့လက်တွေကို ဖယ်ထုတ်ကာ ထရပ်ဖို့ ပြင်ပေမယ့် လက်ကောက်ဝတ်ကနေ ပြန်ဆွဲခံလိုက်ရ၍ ဆိုဖာပေါ် ဖရိုဖရဲနှင့် ပြုတ်ကျသွားရလေသည်။

UnchangedWhere stories live. Discover now