°32°

10.4K 843 36
                                    

*မလုပ်ပါနဲ့ ရိပေါ်ရာ*

*ကိုကို့*

ရှောင်းကျန့်မှာ စိတ်ညစ်ညစ်နဲ့ ခေါင်းကုပ်ရပြန်ပြီ။ ဝမ်ရိပေါ်လို နာမည်ကြီးတဲ့ကောင်လေးနဲ့ တွဲမိတာအပြစ်လား၊dancerကောင်လေးနဲ့ တွဲမိတာ အပြစ်လား ရှောင်းကျန့်မသိတော့။

ခပ်အေးအေးနေတတ်သည့် ရှောင်းကျန့်ကို အတင်းဆွဲခေါ်တာက douyinဆော့ဖို့တဲ့။

*ကိုကိုက maskတပ်ပြီး ဦးထုပ်ဆောင်းလေ နော် နော်*

ထုံးစံအတိုင်း ရှောင်းကျန့် လိုက်လျောမိပြန်သည်။ အခုတစ်ခါက အိမ်အကူကောင်မလေးတွေပါ အငြိမ်မနေရ။ အဝတ်အစားအသစ်တွေဝတ်ခိုင်းကာ ပါခိုင်းနေလေသည်။ ထိုလို ရိုက်ပြီးတော့လဲ မပြီးသေး။

အခန်းထဲမှာ ထပ်ရိုက်ပြန်သည်။ ရှောင်းကျန့်လဲ ရိပေါ် စိတ်ချမ်းသာရင် ပြီးရောဆိုပြီး လွှတ်ထားရသည့် အခြေအနေပင် ရောက်နေလေပြီ။

*အကိုလေး ဦးလေး‌ေရှာင်က ခနလာခဲ့ပါအုံးတဲ့*

အခန်းတံခါးခေါက်ကာ လာခေါ်သည့် ကောင်မလေးကိုပင် ရှောင်းကျန့်ကျေးဇူးတွေအခါခါတင်လိုက်သည်။ ပါးပါး ခေါ်ခိုင်းသည်ဆိုတော့ နှစ်ယောက်လုံးအဝတ်အစားလဲကာ ပါးပါးအခန်းတံခါးကို ခေါက်လိုက်သည်။

*ဝင်ခဲ့ကြလေ*

ရှောင်းကျန့်နဲ့ရိပေါ် ဝင်လာတော့ ပါးပါးနား ထိုင်နေသည့် ချန်ယင်းက ဒေါသအကြည့်တွေဖြင့် ရှောင်းကျန့်တို့ကို ကြည့်နေလေသည်။ မျက်ဝန်းတွေက မီးတွေထတောက်ရမည်တောင် ကြောက်ရသည်။

*လာ ထိုင်ကြ*

ရှောင်းကျန့်က အရင်ဝင်ထိုင်ကာ သူ့ဘေးနား ရိပေါ်ကို ထိုင်ခိုင်းလိုက်သည်။ ပါးပါးက တပ်ထားသည့် မျက်မှန်ကို ချွတ်ကာ

*ပါးပါး ပြောတာ သေချာနားထောင်ကြနော်။ အခု ဆုံးဖြတ်ချက်က ဘယ်သူ့ကိုမှ သာစေနာစေမရှိခဲ့ဘူး။ ပါးပါး သင့်တော်တယ်ထင်လို့ လုပ်ခဲ့တာ*

ရှောင်းကျန့် ပါးပါးကို ကြည့်လိုက်သည်။ ပါးပါးက သူ့အခြေအနေ သူသိနေပြီထင်သည်။ ရှောင်းကျန့် ရိပေါ် စိတ်မကောင်းဖြစ်မှာစိုးလို့တောင် မပြောခဲ့တာ။ပါးပါး ကျန်းမာရေးက နေ့လားညလား ဖြစ်နေလေပြီ။

UnchangedWhere stories live. Discover now