*ဦးလေးကြီး အပြင်လိုက်ပေးပါလားဟင်..ကျွန်တော် ဆိုင်ကယ်မစီးနိုင်သေးလို့ပါ*
ရှောင်းကျန့် အခန်းထဲထိဝင်ကာ အတင့်ရဲစွာ လာတောင်းဆိုသည့် ရိပေါ်ကို ရှောင်းကျန့်က အပြစ်တစ်စက်မှ မမြင်။
ရိပေါ် ဝင်လာသည်နှင့် ရှောင်းကျန့်က သောက်လက်စဆေးလိပ်ကို တန်းရပ်ကာ အပြင်ကို လွှင့်ပစ်လေသည်။ ဝမ်ရိပေါ်ဟာ အညှော်ခံလို့ မရဘူးဆိုတာ ရှောင်းကျန့် သိထားခြင်းကြောင့်။
*တစ်ယောက်ထဲသွားမှာလား*
*ဦးလေးကြီး လိုက်မပို့ရင်တော့ တစ်ယောက်ထဲပေါ့။ ဝယ်စရာလေး ရှိလို့*
ရှောင်းကျန့် အချိန်တစ်ခုကြာသည်အထိ တွေးနေမိသည်။ ဒီအချိန်သာ အပြင်ထွက်နိုင်ရင် သူ အပြင်ထွက်ဖို့ ကြောက်တော့မည်မဟုတ်။
ဝမ်ရိပေါ်ကို ကြည့်လိုက်တော့လဲ တစ်ကယ်အကူအညီလိုနေသည့် မျက်နှာဖြင့်။
*အဲ့တာဆို ငါလိုက်ပို့မယ်*
*ကျေးဇူးတင်ပါတယ်*
ရှောင်းကျန့် ပိုက်ဆံအိတ်ကို ဘောင်းဘီအိတ်ထဲထည့်ကာ အပေါ်က လက်ရှည်တစ်ထည် ထပ်ဝတ်လိုက်သည်။ ထိုလိုပြင်ဆင်ပြီးရုံနဲ့ ရှောင်းကျန့်က အပြင်ထွက်ဖို့ အသင့်ဖြစ်နေလေပြီ။
ဝမ်ရိပေါ်ဆီက ဆိုင်ကယ်သော့တောင်းကာ အိမ်ရှေ့မှာ ရပ်ထားသည့် YAMAHAဘီးအကြီးကြီးအပေါ်ကို တက်ခွလိုက်သည်။ ဝမ်ရိပေါ်ကလဲ အနောက်ကနေ ခွထိုင်ကာ ရှောင်းကျန့်ခါးနားစကို ခပ်ဖွဖွလေး ကိုင်ထားသည်။
ဒီမြို့ကို လာတုန်းက အိပ်လျက်ပါလာ၍ အခုမှ မြို့၏အလှကို ခံစားရတော့သည်။ သစ်ပင်တွေ စိမ်းစိုနေကာ မြို့သေးသေးလေးဖြစ်သည့်အတွတ် လူသူသိပ်မရှုပ်။ စိမ်းစိုနေသည့် သစ်ပင်တန်းတွေကြား လမ်းသွယ်သွယ်လေး တစ်ခုရှိသည်။
ရှောင်းကျန့် ဆိုင်ကယ်စီးရင်း ပြုံးမိသွားသည်။ လေအဝှေ့မှာ သူ့ဆံပင်တွေက အနောက်သို့ လွင့်ကုန်သည်။ လက်ဆတ်သည့် လေကြောင့် ရှောင်းကျန့်စိတ်တွေ လန်းဆန်းလာသည်။
*ဘယ်လိုလဲ ဦးလေးကြီး..သဘောကျနေပြီမလား*
လေတိုးသံထဲမှာ ခပ်ရှရှစကားသံလေး ပါဝင်လာသည်။ ရှောင်းကျန့် ဘာမှမပြောပဲ နှုတ်ခမ်းစွန်းလေး တွန့်ကွေးရုံပြုံးလိုက်သည်။ မြို့ပတ်လမ်းပေါ်လဲ သူတိူ့နှစ်ယောက် ဆိုင်ကယ်စီးခဲ့ကြသည်။