အရာအားလုံး ပြီးတော့ လပိုင်းလောက်အကြာ ရှောင်းကျန့်နဲ့ ရိပေါ်တို့ ရိပေါ်တို့၏ မြို့ငယ်လေးဆီ ခန ပြန်လာခဲ့ကြသည်။ ရိပေါ်၏ ပါးပါးကို ကန်တော့ရန်အတွတ်ရော ဆေးခန်းလေးအတွတ် လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ရော။ အခုဆို ရှောင်းကျန့်က X group၏ CEOဖြစ်သွားကာ ရိပေါ်ကလဲ အကသင်တန်းလေး တစ်ခု ဖွင့်ထားလေပြီ။
ထိုအရာတွေတင်မကသေး ရိပေါ်ကို ရှောင်းကျန့်တို့၏ ဖိနပ်လုပ်ငန်းအတွတ် ပင်တိုင်မော်ဒယ်လ်အဖြစ် ခန့်အပ်ထားလေသည်။ ချန်လင်နဲ့ ရှင်းယောင်ကတော့ အခုထိ သတ်နေကြဆဲပင်။
*ပါးပါး..သားလာတယ်နော်။ ကျွန်တော်အခု နာမည်တစ်ခုရနေပြီပါးပါးသိလား။ နေရာတစ်ခုလဲ ရနေပြီ။ ကျွန်တော် ဘယ်လောက်ထူးချွန်လဲဆိုတာ ပါးပါးကို ပြပြီး ကြွားလိုက်ချင်တယ်။ ပါးပါးရော အဆင်ပြေရဲ့လားဟင်*
ပါးပါး ဂူလေးပေါ်က အမှိုက်တွေကို လက်ဖြင့် အသာရှင်းပေးလိုက်ကာ ရိပေါ် အရိုအသေပေးလိုက်သည်။ ရှောင်းကျန့်က ကိုင်လာသည့် ပန်းစည်းလေးကို ရိပေါ်ဆီ လှမ်းပေးလိုက်ပြီး သူပါ ဒူးတုပ်လျက် ထိုင်ချလိုက်သည်။
ရှောင်းကျန့် ဒုက္ခရောက်နေတုန်းက ဦးလေးဝမ်က အဖေလိုတစ်မျိုး၊ဦးလေးလို တစ်မျိုး စောင့်ရှောက်ခဲ့လေသည်။ ရှောင်းကျန့် အရိုအသေပေးလိုက်ကာ
*ကျွန်တော်နဲ့ ရိပေါ် လက်ထပ်တော့မယ် ဦးလေးဝမ်။ ဦးလေးဝမ် ကျေနပ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ရိပေါ်ကို အများကြီး စောင့်ရှောက်ပေးသွားပြီး ကျွန်တော်အသက်ရှိနေသ၍ ရိပေါ် ဘာမှမဖြစ်စေရဘူးလို့လဲ ဦးလေးဝမ်ကို ကတိပေးပါတယ်။ ကျွန်တော် ရိပေါ်ကို တစ်သက်လုံး ချစ်သွားပါ့မယ်*
*ကြားလား ပါးပါး။ ပါးပါးသိရင်လေ အရမ်းပျော်နေမှာပဲနော်။ ကျွန်တော် နောက်ဆို ပါးပါးဆီမကြာခန လာလည်ပါ့မယ်။*
ရိပေါ် ပါးပါး၏ အုတ်ဂူပေါ် ယူဆောင်လာသည့် ပန်းစည်းလေးကို တင်လိုက်သည်။ ကိုကိုက ရိပေါ်နှင့်အတူ ပါးပါး၏အုတ်ဂူရှေ့ လက်တွဲကာ ရပ်နေလေသည်။
ရိပေါ်နှင့် ရှောင်းကျန့်မှာ ဦးလေးဝမ်၏ အုတ်ဂူရှေ့အကြာကြီးနေပြီးမှ ပြန်လာခဲ့ကြသည်။ ရိပေါ်တို့ကားလေး သုသာန်က ထွက်သွားမှ သစ်ပင်အိုကြီးပေါ်တွင် နားနေသော ငှက်ကလေးသည် ထပြန်သွားကာ လေပြေလေးတွေ ဝေ့ဝဲတိုက်လာလေသည်။