*ကိုကို ပါးပါး သက်သာလားဟင်*
*သက်သာပါတယ်။ လူကြီးရောဂါဆိုတော့လဲ ခနခနပြန်ပြန်ဖြစ်နေတာလဲ ပါတယ်*
ညက တစ်ညလုံး မအိပ်ရသည့် ကိုကို့ပုံစံက နွမ်းနယ်နေလေသည်။ ဝတ်ထားသည့် ရှပ်အဖြူကို ရင်ဘတ်ကြယ်သီးတွေ နှစ်လုံးလောက်ဖြုတ်ထားပြီး ဆိုဖာပေါ်မှာထိုင်နေသည်က ဖရိုဖရဲ။
ရိပေါ် အလိုက်တသိပင် ရေသွားယူပေးကာ ကိုကို့ကို တိုက်လိုက်သည်။ ညက ပါးပါးက အသည်းအသန်ဖြစ်နေ၍ ကိုကိုနဲ့ရိပေါ်မှာ အိပ်ချင်မူးတူးဖြင့် ဝရုန်းသုန်းကား ထပြေးရသေးသည်။
ဟိုရောက်တော့ ကိုကိုက သွေးပေါင်ချိန်တွေ ပြန်တိုင်းကာ ဘေးနားမှာပဲ နေခဲ့လေသည်။ ရိပေါ်က စောင့်ကူပါမယ်ဆိုတာတောင် မရ။ အတင်းပြန်သွားခိုင်း၍ ရိပေါ်မှာ ပြန်လာခဲ့ရသည်။
*ကိုကို..မနက်စာ စားတော့မလား*
*အင်း ကိုယ် ရေအရင်ချိုးလိုက်အုံးမယ်*
*ဟုတ်*
ကိုကို အဝတ်အစားတွေ ချွတ်နေတုန်း ရိပေါ်က အားလုံးကို လိုက်သိမ်းကာ အဝတ်ခြင်းထဲ ထည့်လိုက်သည်။ ကိုကို ထွက်လာလျှင် ဝတ်ဖို့ အဝတ်အစားပါ တစ်ခါထဲရွေးပေးထားသည်။
ရာသီဉတုကလဲ သာယာသည့်အပြင် ကိုကိုပေါ့ပေါ့ပါးပါး ဝတ်ရစေရန် ချည်သားလက်ရှည်အပျော့အပြာလေးကို jeanနဲ့သာ တွဲပေးလိုက်သည်။
ခနအကြာ ရေချိုးခန်းထဲက ထွက်လာသည့် ကိုကိုက ခေါင်းတွေလျှော်လာသည်။
*ခေါင်းလျှော်ပစ်တာလား*
*ခေါင်းမကြည်ချင်သလို ဖြစ်နေလို့ပါ ဘေဘီရယ်။ ခေါင်းလေး ကိုယ့်ကို သုတ်ပေးပါအုံး*
ဆူတော့မည့် ရိပေါ်ကို ဟန့်တားသည့် သဘောဖြင့် ရှောင်းကျန့်က ခေါင်းသုတ်ခိုင်းလိုက်သည်။ မြင့်မားသည့် ရှောင်းကျန့်အရပ်ကြောင့် ရိပေါ်မှာ ခြေဖျားပင် ထောက်နေရသေးသည်။
*ကလေးရော မနက်စာ စားပြီးပြီလား*
*မစားရသေးပါဘူး ကိုကို့ကို စောင့်နေတာ*
ရှောင်းကျန့်က ရိပေါ်ကို နာမ်စားအမျိုးမျိုးဖြင့် တစ်နေ့တစ်မျိုးမရိုးရအောင် ခေါ်လေသည်။ အချစ်၊ဘေဘီ၊ကလေး ဆိုတာမျိုး စုံနေလေသည်။