*ရိပေါ် အဆင်ပြေလား ဟိတ်ကောင်*
ရိပေါ် ပါးပါးဆုံးပြီး ၈ရက်မြောက်နေ့ အိမ်ကိုရောက်လာသော ချန်လင်ပင်။အရင်နေ့တွေကလဲ လာပေမယ့် မလာတာ လေးရက်လောက် ရှိနေလေပြီ။
*အဆင်ပြေတယ်တော့ မဟုတ်ဘူးပေါ့ကွာ။ အရင်ကလောက် မငိုတော့ပဲ အခြေအနေကို လက်ခံလာနိုင်တယ်လောက်ပေါ့ကွာ*
*အေးပေါ့ကွာ..ငါတောင် သိသိချင်း လန့်သွားသေးတာပဲ။ ရိပေါ်ဆို ခံနိုင်ရည်တောင် မရှိဘူးထင်ထားတာ*
ရှောင်းကျန့် မီးဖိုခန်းထဲ ဟင်းချက်နေသည့် ကောင်လေးကို လှမ်းကြည့်လိုက်သည်။ ချန်လင့်ကို ထမင်းကျွေးချင်လို့ဆိုပြီး သူကိုယ်တိုင် မီးဖိုခန်းထဲ ဝင်နေလေသည်။
တီရှပ်အစိမ်းရောင်အပွကြီးဖြင့် အေပရွန်ဝတ်ကာ စိတ်ဝင်တစား ဟင်းချက်နေသည့် ကောင်လေး။ ဒီရက်ပိုင်းအတွင်း လူက သိသိသာသာ ပိန်ကျသွားလေသည်။ အစကထဲကမှ လူကောင်က ကြီးကြီးမားမားထဲ မပါပါဘူးဆို အခုတော့ ရှောင်းကျန့် တစ်ပွေ့စာပဲ ရှိတော့သည်။
*မင်း ဆေးခန်းသွားရင်ရော ရိပေါ်ကို ဒီတိုင်းပဲ ထားခဲ့တာလား*
*မဟုတ်ဘူး..ငါက မနက်ပိုင်း ရိပေါ် ကို ဆေးခန်းခေါ်သွားတယ်။ နေ့လည်ကျအတူတူ ပြန်လာတယ်။ ထမင်းအတူစားတယ်။ ပြီးရင် ညနေမှအတူတူဆေးခန်းက ပြန်လာကြတယ်။ အဲ့လိုပဲ လုပ်ရတာပေါ့ကွာ။ သူ့ကို တစ်ယောက်ထဲ ငါလဲ စိတ်မချဘူး*
ချန်လင်က ခေါင်းတဆက်ဆက် ညိမ့်ကာ ရှောင်းကျန့် ပုခုံးကို ဆုပ်ကိုင်လိုက်သည်။
*နားလည်ပေးလိုက်ပါကွာ..သူလဲ အခုချိန် တစ်ယောက်ထဲ နေဖို့ မသင့်သေးဘူး*
*အေးပါ ငါသိပါတယ်*
မီးဖိုခန်းထဲက ပြန်ထွက်လာသည့် ရိပေါ်ကြောင့် နှစ်ယောက်သား စကားပြောကို ရပ်ကာ ရှောင်းကျန့်က သူ့ဘေးနားသို့ ရိပေါ်ကို ထိုင်ခိုင်းလိုက်သည်။
*အကိုနဲ့ လိုက်လည်မလား ရိပေါ်။ စိတ်ပြေလက်ပျောက်ပေါ့*
အားတင်းပြီး ပြုံးနေသည့် ရိပေါ်ကြောင့် ချန်လင်က ခေါ်လိုက်ခြင်း ဖြစ်သည်။ ရှန်ဟိုင်းမှာဆိုတော့ သွားစရာ၊လည်စရာလဲ ပေါများသည်လေ။