*ရိပေါ်ရော*
ချန်ယင်းက တစ်ယောက်ထဲ မနက်စာစားနေကာ ရှောင်းကျန့်ကို မြင်တော့ နှစ်လိုဖွယ် ပြုံးပြလာသည်။ရှောင်းကျန့် မနက်စာ စားပွဲမှာ ဝင်ထိုင်လိုက်ကာ ပေါင်မုန့်ကို ယိုသုတ်လိုက်သည်။ ပြီးမှ ကိတ်အချို့ယူကာ ဗန်းထဲထည့်လိုက်သည်။
*နေမကောင်းလို့ အပေါ်ထပ်မှာ*
ရှောင်းကျန့် လိုတာထက် ပိုမဖြေပဲ ရိပေါ်စားဖို့ မနက်စာကိုသာ ဗန်းထဲထည့်နေလိုက်သည်။ပါးပါးဆုံးတာ နှစ်ပတ်ပြည့်ပြီးသည်နှင့် ချန်ယင်းက အချိုးတွေ ပြောင်းကုန်ကာ မိတ်ကပ်အဖွေးသားနှင့် အရင်အတိုင်းပင်။
တစ်ခါတစ်လေ ရှောင်းကျန့်တွေးမိသည်က ပါးပါးဆုံးတာကိုပင် ချန်ယင်းက ဝမ်းသာနေသယောင်။ ဘားတက်ကလပ်တက်တာ မပျက်။ အလုပ်ကိုတော့ တစ်ပတ်မှာ လေးရက်လောက်သာ လာသည်။ ရှောင်းကျန့်က ဘာမှမပြောချင်၍သာ မပြောခြင်းပင်။ နည်းနည်းပိုလုပ်လိုက်ရလို့လဲ ရှောင်းကျန့် ပင်ပန်းမသွား။ ပါးပါးမရှိ၍ ပါးပါးမိန်းမကို စောင့်ရှောက်ထားသည်ဟုသာ တွေးလိုက်တော့ အားလုံးက အဆင်ပြေသည်။
အိမ်အကူကောင်မလေးက နွားနို့ခွက်လေး လာတင်ပေးမှ ရှောင်းကျန့် တွေးနေသည်ကို ရပ်လိုက်သည်။ညက အရမ်းပင်ပန်းထားလို့ မနက်အေစာကထဲက အိမ်ကအကူတွေကို နွားနို့ကျိုခိုင်းထားခြင်းဖြစ်သည်။
*မနက်စာ မစားဘူးလားဟင်*
*အပေါ်မှာပဲ ရိပေါ်နဲ့ စားတော့မယ်*
ချန်ယင်း ပေါင်မုန့် ယိုသုတ်နေရင်းကပင် မချိပြုံးပြုံးလိုက်မိသည်။ အပေါ်ထပ်ကို နွားနို့နှစ်ခွက်ရယ်၊ မုန့်တွေရယ် ယူကာ တက်သွားသည့်ကိုကို။ ချန်ယင်းကို လှည့်တောင် မကြည့်သွားပေ။
ချန်ယင်း တောက် ခေါက်လိုက်ကာ လက်ထဲက ဓားသေးသေးလေးကိုသာ တင်းနေအောင် ကိုင်ထားမိသည်။ ဝမ်ရိပေါ် ဝမ်ရိပေါ်...။
ထိုစဉ် ဖုန်းလာသဖြင့် သူမ ကိုင်လိုက်ကာ
*ငါ့ကို ပေးထားတဲ့ ရက်ချိန်းပြည့်ပြီနော်*
*ပေးပါ့မယ် ဝီလီယမ်ရယ်။ တို့ကို မယုံတာလား။ ဒါပေမယ့် ငါးရက်လောက်တော့ စောင့်ပေးပါနော်။ တို့ ဒီဘက်မှာ စီစဉ်စရာလေးတွေ ရှိနေလို့ပါ*