*ငါ မင်းကို သဘောကျနေတာ သိရဲ့နဲ့ ရိပေါ်ရာ။ ငါ့ကို ပြန်ချစ်ပေးပါ*
*မင်းကို ငါ မချစ်ဘူးလို့ ဘယ်နှခါပြောနေရမှာလဲ။ ငါ့ရှေ့ကဖယ် လီယမ်*
*မဖယ်နိုင်ဘူးကွာ*
ရိပေါ်ထက် လူကောင်ကြီးသည်ကို အခွင့်ကောင်းယူကာ လီယမ်က အရှေ့က မဖယ်ပေးပေ။ ထိုထက်ဆိုးသည်က ရိပေါ်ကို ရည်းစားစကားပြောနေသည်က ရိပေါ်၏ အိမ်ရှေ့မှာ။ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်သလဲ။
ပါးပါးတွေ့ရင်လဲ တစ်ခုခုဖြစ်သွားနိုင်သည်ဆိုပေမယ့် ပါးပါးက နယ်ဘက်ကို ဆေးသွားကုနေရ၍ မရှိပေ။ ဦးလေးကြီးကလဲ အခုဆို သူ့အခန်းထဲသူရှိနေလောက်သည်။
*လီယမ် မင်းအတွတ်မင်းမကြည့်ပေမယ့် ငါက ငါ့ကိုငါ တန်ဖိုးထားရမှာပဲ။ ငါ့အိမ်ရှေ့လာပြီး ငါ့ကိုရမ်းကားနေတာ တော်တော်တရားလွန်နေပြီ။ မင်းလိုကောင်ကိုလဲ ငါပြန်မချစ်နိုင်ဘူးကွာ*
လီယမ်က ရိပေါ်တို့ရပ်ကွက်ထဲက လူတစ်ကာ၏ အချဉ်ဖက်။ အကြီးအကြီးမှန်းမသိ ရိုင်းစိုင်းကာ မိဘကလဲ မဆုံးမ၍ ဆိုးချင်သလိုဆိုးပြီး ထင်တိုင်းကြဲနေသည်။
ပညာကလဲ မိသားစုတစ်စုလုံးက မတတ်တော့ ပိုဆိုးနေသည်။
*မင်း မကြိုက်ပေမယ့် ငါကြိုက်တယ်ကွ။ မင်းမှာ ရည်းစားလဲရှိသေးတာမဟုတ်ပဲ ငါပြောတာ လက်ခံစမ်းပါ။ မင်းတောင်းဆိုသမျှ ဖြစ်စေရမယ်ကွာ*
ရိပေါ်ကို လုံးဝမှအသွားမခံပဲ အရှေ့က လက်ကာပြီး တားထားလေသည်။ ဒီနေ့ အကလေ့ကျင့်စရာရှိ၍ သွားရမည်ပါဆိုမှ။
ရိပေါ် လီယမ်ကို ငြင်းသည်မှာ ယောကျာ်းလေးဖြစ်နေတာကြောင့်မဟုတ်။ လီယမ်ဖြစ်နေလို့ကို ငြင်းတာဖြစ်သည်။သူကိုယ်တိုင်လဲ အချစ်ကို ကျားမခွဲခြားတတ်သူမဟုတ်။ ဦးလေးကြီးကိုတောင် ရိပေါ်က ချစ်နေသေးတာပဲ။
*ငါ့မှာ ရည်းစားမရှိပေမယ့် ငါချစ်ရတဲ့သူ ရှိတယ် လီယမ်။ ဖယ်ပေးစမ်းကွာ*
*မဖယ်ဘူးကွာ။ မင်းချစ်တဲ့သူကိုမေ့ပြီး ငါ့ကိုပြန်ချစ်ကွာ။ မင်းရည်းစားရှိတာမှ မဟုတ်ပဲ*