*ဧည့်သည်လာတာ ဘာမှချမကျွေးပဲ ဧည့်သည်ဆီက မုန့်ကို ကပ်စားနေကြတာ*
ချန်လင်ယူလာသည့် မုန့်တွေကို ပန်းကန်ထဲ ထည့်ကာ ရှောင်းကျန့်နဲ့ရိပေါ်က အားမနာစတမ်း စားသည်။ ချန်လင့်အတွတ်တော့ ရိပေါ်က ရေခဲသေတ္တာထဲက ရေဘူးထုတ်ပေးထားလေသည်။
*ဖြေးဖြေးစားကြ နင်နေမယ်*
ချန်လင်က မကျွေးတာလဲ မဟုတ်ပဲ တစ်ပွစိစိပြောနေလေသည်။ ရှောင်းကျန့်က ဂရုမစိုက်စွာ ရိပေါ်စားဖို့ သူက အနည်းငယ်သာ စားလေသည်။ ဝမ်ရိပေါ်ကတော့ အစားမြင်သည်နှင့် ရှောင်းကျန့် စားရလား၊မစားရဘူးလား သတိထားမနေ။
သူသာ အဝစားနေသည်။ ရှောင်းကျန့်ကတော့ ရိပေါ်စားတာကိုသာ ပြုံးပြီး ကြည့်နေလေသည်။
*ရေသောက်အုံး*
ချန်လင့်ရှေ့က ရေဘူးထဲမှ ရေအနည်းငယ် ဖန်ခွက်ထဲ ထည့်ကာ ရိပေါ်ကို တိုက်လိုက်သည်။
*ဆေးခန်းက အမြဲ ဒီနေ့ပဲ ပိတ်တာလား*
*စနေတစ်ရက်ပဲ ပိတ်တယ်။ ကျန်တဲ့နေ့တွေကတော့ နေ့တိုင်းဖွင့်တယ်။ မင်းက ဘာလုပ်မလို့လဲ*
ရှောင်းကျန့်က ရိပေါ်ဖို့ တစ်သျှူးထုတ်ပေးလိုက်ရင်း မေးလိုက်သည်။ ချန်လင်က ပုခုံးပင့်ပြကာ
*ငါ့ သူငယ်ချင်းကြီး စောက်ရမ်းပင်ပန်းနေပြီပေါ့*
*ဝါသနာပါရာလုပ်တာပဲကွာ မပင်ပန်းပါဘူး*
ချန်လင့်ကိုပဲ ရှောင်းကျန့်မှာ အားကိုးနေရသည်။ နိုင်ငံခြားဖြစ် ဆေးတွေသွားဝယ်ပေးပါအုံးကွာ ဆိုလဲ ချန်လင်ပဲ သွားရသည်။
ငါ ဘာလိုနေလို့ ဟိတ်ကောင်ဆိုလို့ ချက်ချင်းလာပို့သည်။ ချန်လင်က ရှောင်းကျန့်အတွတ်တော့ တကယ့် သူငယ်ချင်းကောင်း။ ဒီကောင့်ကိုလဲ တစ်ကယ်ချစ်ရတဲ့သူနဲ့ပဲ လက်တွဲသွားစေချင်မိသည်။
*ဟိုကလေး ဖြေးဖြေးစား။ နောက်နေ့လဲ ဝယ်လာပေးမှာ*
ချန်လင်က ရယ်ကာ စတော့ ရှောင်းကျန့်ကပါ ရိပေါ်ကို ပြုံးရင်း စောင်းငဲ့ကြည့်လေသည်။ တစ်ဦးတည်းသော သားတွေမို့ သူတို့နှစ်ယောက်လုံးက ညီလေးတွေ လိုချင်ခဲ့ကြတာ။