ရှောင်းကျန့် ရိပေါ် ခေါ်ပေးထားသည့် ကောင်လေးကို ကြည့်ပြီး စိတ်ထဲသဘောကျနေသည်။ အတော့်ကို ဖင်ပေါ့တဲ့ကောင်လေး။ ချောင်ချောင် ဆိုတာနဲ့ အလောတကြီး ရှောင်းကျန့်ဆီရောက်လာပြီးသား။
ကြည့်ရတာ သူ့ကို ရှောင်းကျန့်က အလုပ်ဖြုတ်မယ် ထင်နေပုံရလေသည်။ နေ့လည်စာကိုတော့ ထိုကောင်လေးက အိမ်ပြန်စားလေသည်။ ဆေးခန်းက နက်စ်တွေကလဲ ချောင်ချောင့်ကို ချစ်ကြသည်။
*ချောင်ချောင် နေ့လည်စာ ပြန်စားလို့ရပြီနော်*
အဖွားတစ်ယောက်ကို ကြည့်ေပးနေသည့် ချောင်ချောင့်ကို ရှောင်းကျန့် လှမ်းအော်လိုက်သည်။ ရှောင်းကျန့်မှ ထိုလိုမပြောလျှင် ထိုကောင်လေးက ပြန်မည်မဟုတ်။
အရင်တစ်ခေါက်က ရှောင်းကျန့်က မေ့နေလို့ မပြောမိတာကို နေ့လည်၂နာရီထိ မပြန်ပဲ ဆေးခန်းမှာ နေနေလေသည်။ နက်စ်ကလေး တစ်ယောက်လာပြောမှရှောင်းကျန့်က အတင်းပြန်ခိုင်းရသည်။
ရှောင်းကျန့် အရင်နေရာကို ပြန်ဖြစ်ခဲ့လျှင် ချောင်ချောင့်ကိုပါ ထိုတွင် နေရာပေးမည်ဟု ဆုံးဖြတ်ထားသည်။ ကြိုးစားသည့် လူငယ်တွေကို ရှောင်းကျန့်က သဘောကျသည်။
*ဟုတ် အကို။ ဒါလေးပြီးမှ ကျွန်တော်ပြန်လိုက်ပါ့မယ်*
*အေး အေး*
ရှောင်းကျန့် ဂျူတီကုတ်ကို ချွတ်ကာ လက်မှာချိတ်လိုက်ပြီး နားနေခန်းဆီ ဝင်သွားလိုက်သည်။ ဒီနေ့ ရိပေါ် လာမည်မဟုတ်။ အက သင်တန်းမှာ အဖွဲ့လိုက် ကဖို့ ရှိသေးသည်။
ရှောင်းကျန့်က ရိပေါ်ကို မကစေချင်ပေမယ့် ဝမ်ရိပေါ် ဝါသနာပါသည့် အရာလေးမို့ ရှောင်းကျန့် မတားဖြစ်။ ဝါသနာပါရာလေး လုပ်ပါစေဆိုပြီး လွှတ်ထားခဲ့သည်။
အဝတ်အစားတွေကိုလဲ အရမ်းပေါ်တာမျိုး မဟုတ်ရင် ဝတ်ခွင့်ပေးလိုက်သည်။ အရမ်း toxicဆန်တဲ့relationshipတစ်ခုဆိုတာမျိုး ပတ်ဝန်းကျင်က မမြင်စေချင်။
ဝမ်ရိပေါ်ကတော့ အလိုက်တသိfb acc pw, ig pw,တွေကအစ ပေးသုံးသည်။ ဒါပေမယ့် ရှောင်းကျန့် ဘယ်တော့မှ ဝင်မကြည့်တတ်။ privacyဆိုတာ ရှိသေးသည်။