ယုံကြည်မည်ဆိုလျှင်ဖြင့်
...................................
အပိုင်း - ( ၄၈ )''ကျွန်တော့်ကို နားလည်ပေးပါကိုခိုင် .....´´
''မင်းဒီလိုလုပ်လို့မရဘူးလေ ညီလေး .... ဒီလိုလုပ်လိုက်ရင် မင်းရဲ့မာမီ့ကို ကိုခိုင်
ဘယ်လိုဖြေရှင်းရမလဲ သတိုး...´´''မတတ်နိုင်ဘူးကိုခိုင် .... ကျွန်တော့်ကို ကူညီပေးပါဗျာ...သူမရှိပဲ ကျွန်တော် လုံးဝ
ရပ်တည်လို့မရဘူးကိုခိုင် ... ကျွန်တော်သူ့ကိုချစ်တယ် ...သူနဲ့ပဲနေချင်တယ်၊ သူနဲ့ပဲ
တစ်ဘ၀လုံးပေါင်းဖက်ချင်တယ် ကိုခိုင် ... ကျွန်တော်တို့ကို ကူညီပေးပါဗျာ....´´သတိုးမျက်ဝန်းထဲတွင် မျက်ရည်ကြည်များဖုတင်းစွာရှိနေသည်။ တစ်
ဖက်မှာလည်း ဒေါ်စံပယ်သည် မန္တလေးသို့ ပြန်ရန် ပြင်ဆင်နေလေပြီ။ဒေါ်စံပယ် သည်သတိုး၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းနေချိန်တွင် ကိုခိုင် နှင့် သတိုးတို့
သည် ဆိုင်အရှေ့တွင် ရှိနေပြီး သတိုးမှ ကိုခိုင့်ဆီမှ အကူအညီ တောင်းဆိုနေခြင်း
ဖြစ်သည်။''ကိုခိုင် ဘယ်လိုပြောရမလဲမသိတော့ဘူး သတိုးရာ...... အားလုံးက နဖူးတွေ့ဒူးတွေ့ဖြစ်နေကြတာ သတိုး ၊ ကိုခိုင် ဘယ်သူ့ဘက်က ရပ်တည်ပေးရမလဲမသိတော့
ဘူး.......´´''ကိုခိုင် ကူပြောပေးရင် မာမီတို့ နားလည်ကြမှာပါ ကိုခိုင် ..... ကျွန်တော့်ကို ကူညီ
ပေးပါနော်........´´''ခက်တာပဲ သတိုးရာ......´´
''တစ်ခါတည်းပါကိုခိုင် ....တစ်ခါတည်းပါနော် .......´´
သတိုးသည် လက်ဖ၀ါးတစ်စုံကို လက်ချင်းပွတ်တိုက်ရင်း အရှေ့မှာ
ရှိနေသည့်ကိုခိုင့်ကို တောင်းတောင်းပန်ပန်နှင့် အကူအညီတောင်းနေသည်မို့ ကိုခိုင့်
မှာ လက်ခံရခက် သလို ငြင်းရလည်း အမှန်ပင်ခက်ချေ၏။ သို့သော် သူပြောသည့်
တစ်ခါဆိုသည့် ထိုအကူအညီတောင်းခြင်းကို ကိုခိုင့်အနေနှင့် လိုက်လျှော့ပေးရန်
သင့်တော်သည်ဟု တွေးမိသည်။ ထို့ကြောင့် သတိုးမျက်ဝန်းကို သေချာကြည့်မိ
သည်။ သတိုး၏ မျက်ဝန်းထဲတွင် မျက်ရည်ကြည်တို့ အတိုင်းသား ဖုတင်းလျှက်
ကိုခိုင့်ကို အသနားခံနေသည်။ သတိုး၏ ဖြစ်တည်မှုကို မကြည့်ရက်နိုင်သည်မို့ ကိုခိုင့်အနေနှင့် သတိုးကို သေချာကြည့်ပြီး သတိုး၏ ပုခုံးတစ်စုံသို့ ကိုခိုင့်လက်တစ်
စုံတင်လိုက်ပြီး မျက်နှာချင်း ဆုံနေသည့် သတိုးမျက်ဝန်းကို သေချာစွာငေးကြည့်ရင်းစကားဆိုသည်။
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...