ယုံကြည်မည်ဆိုလျှင်ဖြင့်
................................... အပိုင်း - ၈''အဝတ်တွေက များလှချည်လား ညီလေး´´
ကိုခိုင်နှင့် အတူတူအဆောင်ကို ပြန်လာပြီး ထန်းခေါက်ဖာ
ပေါ်မှာ တင်ထားသည့် အိတ်ကို လှလှ ဖွင့်ကြည့်နေသည်။ အိတ်ထဲတွင် သတိုးပြောသည်က အဝတ်အစားတို့သည် ဟောင်းနွမ်းနေသလိုလိုနှင့် လှလှ အဝတ်အစားအဟောင်းအနွမ်းတို့ကို မဝတ်တတ်သည်မို့ မယူချင်ကြောင်းငြင်းနေခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ပင် သူကမ်းပေးသည့် အိတ်ကို လှလှ ကကြောက်လို့သာ ယူလာခဲ့ပြီး ထန်းခေါက်ဖာပေါ် တင်ထားခဲ့ခြင်းပင်။ ယခုညအိပ်ချိန်ရောက်လို့ အိပ်ယာဝင်ချိန်မှ မျက်လုံးသည် ထိုအိတ်အားအကြည့် ရောက်သွားသည်မို့ လှလှ က ဖွင့်ဖောက်ပြီး ကြည့်နေမိသည်။''ဟုတ်တယ် ကိုခိုင် ၊ ဒါတွေက သူဌေးပေးလိုက်တာပါ´´
''ဟာ ဟုတ်လား´´
''အင်း ...ဒါပေမယ့် သူဌေးသားပြောတော့ သူ့ရဲ့ အဝတ်တွေတဲ့လေ...ပြီးတော့ သူ
ဝတ်ပြီးထားတာတွေကို မဝတ်ချင်တော့တာနဲ့ လှလှ ကို ပေးတာတဲ့´´''ဒါပေမယ့် အဲ့ဒီမှာ ရှိနေတာက လုံးလုံးအသစ်တွေပဲလေ ညီရ´´
''ဟုတ်တယ် ၊ ကြည့်ပါလား ပါကင်တောင်မဖောက်ရသေး...ဒါကဘယ်လိုဖြစ်တာ
လဲ...လှလှ က မယူဘူးလို့ ငြင်းပါသေးတယ်၊ သူဌေးသားက အတင်းပေးလိုက်လို့
လှလှ မှာ သူ့ကိုကြောက်ပြီး ယူခဲ့ရတာ´´''သြော် ... ညီက သတိုးနဲ့ ဆုံလာခဲ့တာကိုး´´
''ဟုတ်တယ်၊ သူနဲ့ နှစ်ခါတောင် ဆုံပြီးပြီ ကိုခိုင်´´
''ဟုတ်လား ပြောပါဦး...´´
''ဘဘုန်းဘုရားကျောင်းကို သူတို့လာတုန်းက တစ်ခါ၊ ပြီးတော့ ခုတစ်ခါ နှစ်ခါတောင်ဆုံပြီ...ဘဘုန်းဘုရားက လှလှ ကို မြို့တက်ဖို့ ပြောတုန်းက လှလှ မှာကား
တစ်ခါမှ မစီးဖူးဘူးလေ... လှလှ ကားပေါ်မှာ ကြောက်ပြီး ထိုင်ခုံကို လက်ဖဝါးနဲ့
ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့ သူက လှလှ အနားမှာ ထိုင်နေတာလေ ...သူ
ဌေးတို့ လင်မယားကတော့ အရှေ့မှာပေါ့။ အဲ့ဒီအချိန်တုန်းက ဆိုရင် လှလှ မှာ သူ့ကိုကြည့်ပြီး ကြောက်လိုက်ရတာ သိလား.....´´
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...