အပိုင်း - ၁၁

310 18 0
                                    

ယုံကြည်မည်ဆိုလျှင်ဖြင့်
...................................   အပိုင်း - < ၁၁ >

                                        အချိန်ကား ညသန်းခေါင်ယံ။ လူသူကင်းမဲ့နေလေ၏။
လမ်းမကြီးမှာ ခြောက်ကပ်ကပ်နှင့် လမ်းလျှောက်နေမိသည်။ ညမီးရောင်ဖျော့ဖျော့
လေးနှင့် မှိတ်တုတ်မှိတ်တုတ် လင်းနေကြသည့် မီးလုံးများ အောက်တွင် အသက်မပါသည့်ခြေလှမ်းတို့က တစ်ဖြည်းဖြည်းနှင့် ဦးတည်ရာ မဲ့နေဆဲ။ တစ်လိမ့်ချင်းစီးဆင်းသွားသည့်ပါးပြင်ထက်မှ မျက်ရည်အပိုင်းအစတစ်ချို့သည် ပူရှိန်းရှိန်းခံစားချက်နှင့်အတူ လှလှ ရင်ထဲကို အရှက်၊ အကြောက် များစွာကို လောင်ကျွမ်း သက်ဝင်စေလေသည်။

                                       သူနှင့်ပတ်သတ်ခဲ့သည့် အရာ အားလုံးကို လှလှမေ့ဖို့
ကြိုးစားရှာသည်။  ကြောက်သည့်စိတ် တို့က အပူမီးတို့ရင်ထဲ၌လောင်ကျွန်းလျှက်
သာဖြစ်၏။ ပါလာသည့် ထမ်းခေါက်ဖာအား လှလှ ပလက်ဖောင်းမှာချလိုက်
သည်။ ပြီးလျင် ဝေေ၀ဝါးဝါးအကြည့်တို့နှင့် အကြည့်တစ်ချက်က သူနှင့်သိပ်မဝေး
သည့် မျက်နှာချင်းဆုံ နေရာတစ်ခုသို့ ရောက်သွားသည်။ သတိတရနှင့် ကားလမ်းမ
တစ်လျှောက် သူသတိထားမိလိုက်ချိန် တွင် ကားသံ ၊ ဆိုင်ကယ်သံ၊ ပြီးလျင် တုတ်
တုတ်အသံ ကအစ နားထဲတွင်ကြားနေရ၏။

''ဟူး.....´´

                                       သက်ပြင်းလေးတစ်ချက် ခပ်ပြင်းပြင်းချလိုက်သည်။
ပူရှိန်းရှိန်းကျသွားသည့် မျက်ရည် စကို သူ့လက်ကလေးနှင့် အသာ
လေးဖယ်ထုပ်လိုက်ပြီး အရှေ့မှာမြင်နေရသည့်  နာရီစင် တစ်ချက်ငေးကြည့်သည်။
နံနက် ၃:၀၀ ဝန်းကျင်ဖြစ်သည်။

                                           ပလက်ဖောင်းပေါ်တင်ထားသည့် ထမ်းခေါက်ဖာကလေးကိုသူ ဆတ်ခနဲ ကောက်ကိုင်ရင်း ရှေ့တည့်တည့်မှ ဘူတာရုံကြီးဆီသို့ လှလှ
လျှောက်လှမ်းလေသည်။

                                              .............................

                                               ဆယ်နှစ်ခန့် ကြာပြီးနောက်
                                                            .............

ချစ်သော ပို၍ ချစ်သော ( Ongoing )Where stories live. Discover now