ဘဝနွံ
'''''
အပိုင်း - ၃၃ဆိုင်ထဲကိုဝင်လာသည်။ အထဲကိုရောက်သည်မို့ ပတ်ဝန်းကျင်ကိုတစ်
ချက်အလေးထားကြည့်မိသည်။ ညနေပိုင်းအချိန်မို့ လူစည်ကားနေသေးသည်။ ပြီး
မှ ကောင်တာဘက်ကို လျှောက်လှမ်းလိုက်သည်။''သတိုး....´´
ကောင်တာရှေ့ကိုရောက်သည်မို့ ကောင်တာမှာထိုင်နေသည့် ကိုခိုင်မှ
သတိုးကိုခေါ်သည်။ သတိုးမျက်ဝန်းနှင့်ဆုံသည်မို့ ကိုခိုင်မှ ပြောစရာရှိသည့် ပုံစံလုပ်
ပြသည်။''အခန်းကိုသွားရအောင် ကိုခိုင်...´´
ကောင်တာမှာ မပြောသင့်သည့်စကားမို့ သတိုးခေါ်လိုက်တာဖြစ်သည်။
ခန့်မှန်းရသလောက် သတိုးသည်လည်းပဲ ဒီအကြောင်းအရာတွေကို သိနှင့်နေလောက်ပြီ ထင်သည် ဟု ကိုခိုင် တွေးရင်း အရှေ့မှ ဖြတ်လျှောက်သွားသည့် သတိုး
ကိုကြည့်ရင်း လိုက်လာခဲ့သည်။အခန်းထဲကိုရောက်သည်နှင့် သတိုး ဧည့်ခံခုံမှာ ခြေပစ်လက်ပစ်ထိုင်ချ
လိုက်သည်။ သတိုးမျက်နှာကို ကြည့်သည်မို့ သတိုးမျက်နှာသည် ရွှင်လန်းခြင်းမရှိ
လေးလေးပင်ပင်နှင့် စိတ်တိုနေသလိုသာ....''ပြော ကိုခိုင်...´´
ခဏငြိမ်နေပြီးမှ ထွက်လာသည့် စကားဖြစ်သည်။ သတိုးနှုတ်မှ ဖွင့်ပြော
ခိုင်းသည်မို့ ကိုခိုင့် အနေနှင့် သက်ပြင်းတစ်ချက်ချလျှက်ပြောသည်။''ငြိမ်းမောင် လာသွားတယ်...´´
အကြည့်ချင်း ဆုံသွားပြန်သည်။ ဒီတစ်ခါ ဆုံမိသည့် အကြည့်မှာ သတိုး
မျက်နှာ ပို၍ တင်းမာသွားသည်ကို သတိထားမိသည်။''ပါကင်မှာ မျက်နှာပြောင်တိုက်သွားတာ ဒီကောင်ပဲနေမယ်....´´
''ဆုံလိုက်သေးတာလား ...´´
''ဆုံတယ် ၊ ဆုံတာထက် သူကျွန်တော့်ကိုမကျေပြုံးပြုံးပြသွားသေးတယ်ကိုခိုင်´´
ဧည့်ခန်း ဆိုဖာခုံကို မှီထိုင်နေရင်းကနေ တည့်တည့်မတ်မတ်ပြန် ထိုင်လိုက်သည်။ ပြီးမှ ကိုခိုင့်ကို ကြည့်ရင်း မေးသည်။
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...