အပိုင်း - ၆

393 27 0
                                    


ယုံကြည်မည်ဆိုလျှင်ဖြင့်
...................................   အပိုင်း - ၆

''ရောက်ပြီ ကောင်လေး ´´

''ဒါက ဦးတို့ ဆိုင်လေ ... မင်းနေရမယ့် နေရာကို ဂျာကြီးက လိုက်ပြလိမ့်မယ်´´

ကားပေါ်မှာလှလှသည်ခပ်ကုတ်ကုတ်လေးနှင်ခေါင်းညိတ်လိုက်ရသည်။အန်တီကြီးမှကားမှန်ပြတင်းကိုဖွင်ချလိုက်မှအသက်ရှုဝသလိုခံစားရင်း လှလှအမြင်က ရှင်းသွားသည်။

                                  ဒုန်း.........!!!

                                    ဦးလေးတို့သည် ကားပေါ်မှ ဆင်းသည်မို့ လှလှလည်းလိုက်
ဆင်း၏။ ကားအပြင်ဘက်ကိုရောက်သည်နှင့်.....

''သိန်းစိုး ဒါက လူသစ်ကလေး၊ မင်းသူကို နေရာချပေးလို....လိုအပ်တာကိုကြည့်
ကြပ်စီစဉ်ပေးလိုက်.....´´

                                  ဦးလေး စကားကြောင့်သိန်းစိုးက ခေါင်းညိတ်ရှာသည်။

''ကောင်လေး မင်း ဒီက မန်နေဂျာကြီးနောက်ကို လိုက်သွား´´

                                  လှလှ ခေါင်းညိတ်လေ၏...။

''သူ့ကို လိုနေတဲ့ နေရာလေးမှာ ခိုင်းပေါ့ ´´

''စိတ်ချပါဆရာ ...ကျွန်တော် ကြည့်ပြီးစီစဉ်လိုက်ပါ့မယ်´´

                                 သူဌေးတို့ မိသားစုက လှလှ ကို မန်နေဂျာကြီးဆီမှာ အပ်နှံ
ထားခဲ့ပြီး ဆိုင်အထဲသို့ဝင်သွားကြသည်။ လှလှမှာ ကားပါကင် နားမှာ သိန်းစိုးအခေါ်ကိုရပ်စောင့်နေမိသည်။

                               ဘေးနားမှာ ချထားသည်က ထန်းခေါက်ဖာလေးတစ်လုံးရှိ
သည်။ပြီးလျင်ရပ်နေသည့် ကောင်လေး၏ ပုံစံသည်က စုတ်တီးစုတ်ပြတ်နှှင့်၊ ဝတ်စားဆင်ယင်မှုပိုင်းမှာကောတစ်ကိုယ်ရေသန်ရှင်းမှုတို့ကလည်းအမှန်လိုအပ်သည်။ သိန်းစိုးက တည်တည်ကြီး ငေးကြည့်နေရှာသည်မို့ လှလှ မှာ မျက်နှာတစ်ခုလုံးကိုထားစရာမရှိအောင် ကြောက်ကြောက်လန့်လန့်နှင့်....

''လာ.....လိုက်ခဲ့ ကောင်လေး´´

''ဟုတ် ဟုတ်ကဲ့´´

                                ရုတ်တရက်လှမ်းပြောသည့်စကားမို့ လှလှမှာ ပြာပြာသလဲ့
နှင့် ချထားသည့် ထန်းခေါက်ဖာကို ကောက်ယူရင်း သိန်းစိုးနောက်ကို လိုက်လာ
ခဲ့သည်။ ဆိုင်ဧရိယာပတ်ဝန်းကျင်က  ကျယ်ကျယ်ဝန်းဝန်းဟုတ်မနေခဲ့ပါ။
ကားပါကင် မှ ခြေလှမ်းတို့ကို ခဏကြာအောင်ခပ်စိတ်စိတ်လေး
လှမ်းလိုက်လျင်အဆောင်တစ်ခုကို မြင်လိုက်ရသည်။ တံခါးကို လော့ခတ်ထားခြင်း
မဟုတ်ပဲ စေ့ရုံမျှစေ့ထားသည့် အခန်းတံခါးကို သိန်းစိုးကိုယ်တိုင် လက်နှင့်တွန်း
ဖွင့်လိုက်၏။ ပြီးလျင် သိန်းစိုးအနောက်မှာ ရပ်နေရှာသည့် လှလှကို နောက်ပြန်တစ်
ချက်လှည့်ကြည့်ပြီး အခန်းထဲကို ဝင်စေသည်။

ချစ်သော ပို၍ ချစ်သော ( Ongoing )Donde viven las historias. Descúbrelo ahora