ဘ၀နွံ - အပိုင်း - ၃၇
^^^^^^^^^^^^^^^^^^''ဟိုက် ... ဗုဒ္ဓေါ .... ဒါကဘာလဲ ....´´
သတိုး အိပ်ခန်းထဲသို့ဝင်လိုက်သည်နှင့် မြင်ကွင်းကြောင့် အံ့အား
သင့်ကာ ' ဗုဒ္ဓေါ ´ဟု အာမေဍိတ် သွားမိသည်။အိပ်ခန်းထဲရှိ အိပ်ကုတင်မှာ စေတန်လဲလျှောင်းနေသည်။ လှရွှေက
တော့ အိပ်ရာဘေးဝယ် ဒီအတိုင်း ဖျာခင်းပြီး စောင်နှင့်ခေါင်းအုံး နေရာတစ်ကျလုပ်
နေသည်။ ၀င်ဝင်ချင်းမှာပင် အံ့အားသင့်သည့် အဖြစ်မို့ အိပ်ကုတင်ပေါ်မှ စေတန့်ကို
ကြည့်သည်။မင်းအတွက်လုပ်နေတာ ......။
အဲ့ဒီမှာ မင်းအိပ် ........။
စသည့် အကြည့်မျိုးနှင့် ပြန်တုန့်ပြန်သည်။ မျက်လုံးကို တစ်ချက်ပင့်
ထိုးပြပြီး ပြုံးနေသည့် သူ့အကြည့်တွင် ထိုအကြောင်းအရာ ပြောနေသည်ကို တန်း
သိသည်။ ဒီတော့ အိပ်ခန်းလမ်းဝ အနားမှာ ရပ်မနေပဲ အိပ်ခန်းထဲ ၀င်သည်မို့ လှရွှေ
သတိုးကို ကြည့်ရင်း စကားဆိုသည်။''သတိုး နဲ့ စေတန် အကျီလဲကြဦးမလား ။ ဘောင်းဘီရှည်ကြီး ၀တ်ပြီး အိတ်တာ
မကောင်းဘူး.....´´''ရပါတယ် ...´´
''မရဘူး လဲမယ် .....´´
စကားပြောတိုင်း တစ်ယောက်တစ်ပေါက်ချည်းဖြစ်တတ်တာမို့ နှစ်
ယောက်သားက အကြည့်ဆုံကြပြန်သည်။''လဲမယ် ... ဒီဘောင်းဘီ ဒီအကျီတွေက ချောင်ချောင်ချိချိ မရှိဘူး ။ အ၀တ်တွေ
ဘယ်ကယူရမလဲ လှရွှေ ....´´လဲနေရင်းက ထပြီး ဆင်းသည်။ ပြီးမှ အောက်ကိုရောက်သည်နှင့် ဘီရို
အနားကို သွားရင်း....''ဒီက ယူရမှာမလား ... ´´
''ဟုတ်ကဲ့ .....´´
''ကဲ ဖွင့်ပြီ ... ယူပြီ ....လဲပြီ ....´´
VOCÊ ESTÁ LENDO
ချစ်သော ပို၍ ချစ်သော ( Ongoing )
Não FicçãoUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...