ဘ၀နွံ
~~~~အပိုင်း - ၂၆''ပြီးတာတွေလည်းပြီးပါစေတော့အေ ပူနေဆွေးနေခံစားနေလို့ဘာထူးတော့မှာလဲ
ရေရှည်ရှေ့ဆက်ဖို့အတွက်ကိုသာအားမွေး စိတ်ညစ်စရာတွေမတွေးနဲ့ ပျော်ပျော်
နေပြီးပျော်ပျော်ကျော်ဖြတ်နိုင်ဖို့ဘဲလိုတယ်မဟုတ်လား´´ဆေးရုံထွက်ပေါက်ကိုရောက်သည်အထိ မထက်ကပဲတစ်
ချိန်လုံးစိတ်ဓာတ်မကျဖို့ပြောနေသည်။ အေးသွယ်ကတော့ သူ့ဘေးနားကနေလိုက်
နေပြီး မထက်ပြောသမျှကို ငြိမ်ငြိမ်လေးနားထောင်ရင်း ဆေးရုံကနေ ထွက်လာကြ
သည်။''မေကြီး...´´
ဆေးရုံထွက်ပေါက်ကိုရောက်တော့ ကားပါကင်ဘက်ကိုသွားမည်ဆဲ
ဆဲမှာ မေကြီးတို့နှင့်တန်းတိုးတော့ လှရွှေကကားပေါ်ကနေပြီး လှမ်းခေါ်သည်။ သွား
နေတဲ့ ခြေလှမ်းတို့က လှရွှေခေါ်သံကြောင့် တုန့်ဆိုင်းရပ်သွားသည်။''ပြန်လို့ရပြီမလား ကားပေါ်တက်တော့...´´
ဆိုင်းမဆင့် ဘုံမဆင့် ရောက်ချလာသည့်သူ့ကို မေကြီးနှင့်မေ
လတ်တို့က သီသီလေးပင်ငေးကြည့်နေကြသည်။ လှရွှေက ကားပေါ်က ဆင်းလိုက်
ပြီး မေကြီး နှင့် မေလတ်တို့ အရှေ့မှာပင် ရပ်နေသည်။''ဘာလို့ကြောင်နေကြတာလဲ မေကြီးတို့ကိုတမင်လာခေါ်တာ´´
ဒီတစ်ခါအကြည့်က လှရွှေမျက်နှာကိုမဟုတ်ပဲ ကားခေါင်းမှာ
ထိုင်နေတဲ့ သတိုးဘက်ကိုအကြည့်ရောက်သွားကြသည်။ သတိုးကလည်း ကားထဲ
ကနေ အပြင်ကို ပြူးပြဲကြည့်ပြီး တမင်ပင်ပြုံးပြသည်မို့ မေကြီး လည်းဆက်ရပ်မ
နေပဲ နှုတ်က 'အေးအေး´ဟုဆိုကာ ကားပေါ်တက်တော့ လှရွှေလည်းကားခေါင်း
ဘက်မှာဝင်ထိုင်လိုက်သည်။ကားထဲကိုရောက်ပြီမို့ ကားက တဖြည်းဖြည်းချင်းမောင်းနှင်နေ
သည်။ ဒီတစ်ခါ ကားခေါင်းဘက်မှာထိုင်နေတဲ့ လှရွှေက စတင်ပြီး မိတ်ဆက်စကား
ပြောသည်။
KAMU SEDANG MEMBACA
ချစ်သော ပို၍ ချစ်သော ( Ongoing )
NonfiksiUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...