ဘဝနွံ
........ အပိုင်း ( ၄၃ )ရပ်ကွက်ထဲသို့ ဝင်သည့်လမ်းဆုံရောက်ပြီမို့ စေတန် ကားရပ်
သည်။''ရောက်ပြီလား.....''
''ကားက အထဲဝင်လို့ မရတော့ဘူး အန်တီ.....''
''လမ်းဆင်းလျှောက်ရမယ်ပေါ့....''
''ဟုတ်ကဲ့ .....သိပ်တော့မဝေးပါဘူး.....''
''ကောင်းပြီလေ.....ဒါဆို သွားကြစို့.....''
''အန်တီ.....''
ကားပေါ်မှာ ဆင်းမည့်ဆဲဆဲမှာ စေတန့် စကားကြောင့် လုပ်နေရင်း
မှာ တစ်ချက်လှည့်ကြည့်သည်။''ဘာဖြစ်လို့လဲ သား.....''
''ဟို .... သား မလိုက်လို့မရဘူးလား .....''
သူ့အဖြစ်ကို ကြည့်လျှက် အမှန်ပင် နားလည်ရခက်သည်။ သည်
တော့ ....''ဘာဖြစ်လို့လဲ...... ''
''သူနဲ့ မျက်နှာချင်းမဆိုင်ချင်လို့ပါ .... ''
စေတန့်မျက်နှာသည် အမှန်ပင် တောင်းပန်ခံနေခြင်းနှင့်ပင်တူ၏။
ထို့ကြောင့် နားလည်သွားသည့် အဖြစ်မို့ ဒေါ်စံပယ် ခေါင်းညိတ်ပြုံးပြရင်း ကားပေါ်
မှ ဆင်းသည်မို့ စေတန်လည်းပဲ လိုက်ဆင်းသည်။ ကားတံခါးကို ပိတ်ရင်းနှင့်မှ ဒေါ်
စံပယ် အနားသို့ စေတန် လျှောက်လှမ်းလာ၏။ အနားသို့ ရောက်သည်နှင့် ရပ်ကွက်
မှ လူငယ် ကလေးတစ်ယောက်ကို လှမ်းမြင်သည်မို့ စေတန် အကူအညီတောင်းသည်။''ညီလေး ခဏ......''
လျှောက်လှမ်းနေရင်းမှ ထိုကောင်လေးသည် စေတန်စကားကြောင့်
ခြေလှမ်းတို့ကို ရပ်လျှက် စေတန့်ကို ငေးကြည့်၏။ စေတန် ကောင်လေးအနားသို့
လျှောက်လှမ်းလျှင် ဒေါ်စံပယ် လည်းပဲ လိုက်လာ၏။''အကို့ကို တစ်ခုလောက်ကူညီပေးပါလား ညီလေး.....''
''ဟုတ်ကဲ့ .... ဘာများကူညီပေးရမလဲ အကို....''
''ဒီရပ်ကွက်မှာနေတဲ့ မထက်တို့အိမ်ကို ညီလေး သိလား.....''
''မထက် ဆိုတာ ... ဟို မိတ်ကပ်လိမ်းတဲ့ တီတီထက်ကို ပြောတာလား အကို...''
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...