ယုံကြည်မည်ဆိုလျှင်ဖြင့် - အပိုင်း ( ၄၇ )
...........................................................
ဘာတွေနဲ့ပဲ ကြုံတွေ့နေရပါစေ တစ်နေ့ကျရင် မင်းပြောင်းလဲသွား
ပါလိမ့်မယ်။ မက်ထားခဲ့တဲ့အိမ်မက်အတိုင်း အကောင်အထည်ဖော်ဖို့ မင်းကြိုးစား
ခဲ့တယ်။ ဒါပေမယ့် သတိုးရာ တစ်ခါတစ်လေမှာ ဆန္ဒနဲ့ဘ၀ ထပ်တူကျဖို့ တကယ်မ
လွယ်ကူဘူး။ ချစ်တယ် သတိုး။ မင်းကို ချစ်တဲ့ ဒီ ချစ်ခြင်းက လွယ်လွယ်နဲ့ မေ့ဖျောက်လို့ ရမယ် မထင်ပါဘူး။စီးဆင်းသွားသည့် မျက်ရည်အပိုင်းအစတစ်ချို့သည် ဦးတည်
ရာမဲ့နေဆဲ။ တွေဝေစွာနှင့် ငေးကြည့်နေသည့် အကြည့်တိုင်းမှာ အသက်မပါသည့်
နှယ်.....။တစ်ဆက်တည်းမှာပင် ဒေါ်စံပယ် ပြောသည့် စကားသံတို့သည့်
လှရွှေနားထဲသို့ ပဲ့တင်ထပ်ရင်း ပြန်ကြားမိသည်။''ဘယ်မိဘမဆို ကိုယ်မွေးထားတဲ့ သားသမီး ကို ကိုယ့်ရဲ့ အသက်ထက်မကတဲ့
မေတ္တာမျိုးနဲ့ ချစ်ကြတာချည်းပဲ .....မင်းတို့ရဲ့ ချစ်ခြင်းတွေက ငါကိုယ်တိုင် ငါ့သား
အပေါ်မှာ လက်တစ်ဆစ်ဖို့လောက် မုန်းလိုက်တဲ့ အမုန်းတွေလောက်ပဲ ရှိတယ်....
ကမ္ဘာမီးလောင်ရင် သားကောင်ချနင်းဆိုတဲ့ စကားပုံ ကိုတော့ ဘယ်ပုဂ္ဂိုလ် ထူး ပုဂ္ဂိုလ်မြတ်ကဆိုရိုးစကားထုတ်ခဲ့မှန်းတော့ ငါမသိဘူး ....သေချာတာ ကတော့ အဲ့ဒီဆိုရိုးစကားဟာ ငါ့အတွက် သိပ်ကို မှားတယ်.... အို ငါ့အတွက်တောင် မကပါဘူး ....ကမ္ဘာမှာ ရှိတဲ့ မိခင် တိုင်းအတွက် အဲ့ဒီ စကားလုံးဟာ သိပ်ကို မှားတယ် ...ဘယ်မိဘက ကိုယ့်သားသမီးကို လမ်းမှား ကို ရောက်မှာ သိသိရက်နဲ့ လက်ပိုက်ကြည့်နေနိုင်တာရှိလို့ လဲ ...... ကိုယ့်အသက်ထက် ပိုပြီး ချစ်တာဟာ မိဘတိုင်းက သားသမီးအပေါ်မှာထားတဲ့ ချစ်ခြင်းမေတ္တာတွေပဲ......´´''မင်းတို့က လူငယ်တွေ .....မင်းတို့မှာ အနာဂတ်ရှိတယ် .....စိတ်ထဲရှိတဲ့အတိုင်း
လျှောက်လုပ်လို့မရဘူး.....´´
ESTÁS LEYENDO
ချစ်သော ပို၍ ချစ်သော ( Ongoing )
No FicciónUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...