အပိုင်း - ၂၉

123 11 3
                                    

ဘဝနွံ
~~~~
အပိုင်း - ( ၂၉ )

                        အဟွတ် .... အဟွတ် ....အဟွတ်....!!

''ဖြစ်ရဲ့လား မေလတ်ရယ် ၊ ချောင်းတအားဆိုးနေတာ ´´

                                 မေလတ်က ခေါင်းချည်းညိတ်သည်။ ပြီးတော့ လဲနေရင်းကနေ
ပြီး တံတောင်ကိုကြမ်းခင်းပြင်မှာအားခုထောက်ပြီး ဖြည်းဖြည်းချင်းထသည်။

''နေဦး  နေဦး ... သားထူပေးမယ်´´

                              ပြောသည်နှင့် လက်ပါတစ်ခါတည်းတန်းရောက်သွားသည်။မေ
လတ်က ကိုယ့်ကိုယ်ကိုလည်းအားပြုထသလို လှရွှေကပါ အမှီပြုထူပေးတော့ထိုင်
လိုက်တာ တော်တော် လေးကိုအဆင်ပြေသွားသည်။ ပြီးမှ လေကိုခပ်ပြင်းပြင်းလေး
ရှူသည်။

                              အဟွတ် ....အဟွတ်.......!!!

''ဆိုးပြန်ပြီ ...!  ချောင်းဆိုးသက်သာအောင် မေလတ် ဆေးသောက်ရမယ်´´

                         ပြောနေရင်းပင် ဆတ်ခနဲထရပ်သည်။ ကျောပစ်လှည့်ထွက်သွားမည်
လုပ်တော့ မေလတ်က တမင် အားယူရင်း ခေါ်သည်။

''လှလှ ´´

                            မေလတ်ခေါ်သည်မို့ ကျောပစ်လှည့်ထားသည်က လည်ပြန်ကြည့်
သည်။

''မေလတ် ဘာဖြစ်လို့လဲ´´

''အဟွပ် ...အဟွပ် ...အဟွပ်၊ ဟို   မေလတ်ကို  ဂျင်းကိုပါးပါးလှီးပြီး......´´

''ရပြီ ရပြီ ၊ သားနားလည်ပြီ မေလတ် ...´´

                         မေလတ်စကားမဆုံးချိန်မှာပင် နားလည်သည်မို့် မေလတ်ကို ဆက်မ
ပြောခိုင်းပဲ မေလတ် ရှေ့မှာထိုင်သည်။ ပြီးတော့ မောပန်းနေတဲ့ မေလတ်ကိုသေသေ
ချာချာကြည့်သည်။

''ဂျင်းကိုပါးပါးလှီးပြီး ဆားစိမ်တဲ့အထဲမှာ သံပုရာသီးအရည်ညှစ်ထည့်ခိုင်းတာမ
လားမေလတ်´´

                            မေလတ် အသာလေး ခေါင်းညိတ်သည်။

''ခဏလေးစောင့်နော် သားလုပ်ပေးမယ်´´

                             ဒါက ဆေးနည်းတိုတစ်မျိုးပင်။ ချောင်းဆိုး ၊ သလိပ်တက်၊ မော
ပန်းတာက အစ ဒီဆေးနည်းသည် တော်တော်လေးကို အသုံးဝင်သည်။ ဂျင်းကိုပါး
ပါးလှီးပြီး လှီးထားတဲ့ ဂျင်းတွေကို ခွက်တစ်မှာထည့်ပြီး ဆားနည်းနည်းနဲ့ စိမ်ထားရ
သည်။ ပြီးမှ အပေါ်က သုံပုရာသီးကို အရည်ညှစ်ထည့်ပြီး ဂျင်းထဲမှာ သံပုရာအ
ရည်နှင့် ဆားတွေညပျော်ဝင်သွားပြီး လေးငါးမိနစ်လောက် စိမ်ထားရသည်။ ပြီးမှ
စိမ်ထားတဲ့ ဂျင်းအဖတ်လေးကို လျှာပေါ်တင်ပြီး ငုံထားလျှင် ဂျင်းထဲက ထွက်လာ
တဲ့ အရည်တွေက ပါးစပ်ထဲကို တစိမ့်စိမ့်ဝင်သွားပြီး လည်ချောင်တတ်သည်။ ခါ
တိုင်းလည်း ဒီနည်းကို လုပ်ပေးနေကျမို့ မေလတ် က ဒီနည်းကို တကယ်ကြိုက်သည်။

ချစ်သော ပို၍ ချစ်သော ( Ongoing )Nơi câu chuyện tồn tại. Hãy khám phá bây giờ