အပိုင်း - ၄၉
777 17 2
ယုံကြည်​မည်​ဆိုလျှင်​ဖြင့်
...................................
အပိုင်း - ( ၄၉ )
                          တူတူတူတူတူတူတူတူတူ......
                          ခပ်​မှန်​မှန်​​မောင်းလာခဲ့သည့်​ကားသည်​ ရပ်​ကွက်​လမ်းဆုံ​ရောက်
သည်​နှင့်​ရပ်​​လေသည်​။ ကား​ပေါ်မှ ဆင်းမည်​ပြုလိုက်​ချိန်​တွင်​ ကား​ခေါင်းဘက်​မှာ
တင်​ထားသည့်​ဖုန်းမှ အ၀င်​​ကောလ်​ပြုလုပ်​ထားသည့်​ ​တေးသီချင်းအသံမြည်​လာ
သည်​မို့ ကားခါးပတ်​ဖြုတ်​​နေရင်း မြည်​သံကိုနား​ထောင်​မိသည်​။
''ကိုခိုင်​.....!´´
သူမှာ ကိုခိုင်​ဖြစ်​၏။ ခပ်​မြန်​မြန်​ပင်​ ထိုအ၀င်​​ကောလ်​အား ကိုင်​လိုက်​ချိန်​တွင်​....!
''ကိုခိုင်​.....´´
''ညီ​လေး ​ရောက်​ပြီလား....´´
''အခုပဲ ရပ်​ကွက်​ထဲဝင်​တဲ့လမ်းကို​ရောက်​တယ်​ ကိုခိုင်​....´´
''​အေး ဒီမှာ သူ​ဌေးက​တော်​နဲ့ ကိုခိုင်​စစ်​ပွဲဆင်​ရ​တော့မယ်​ထင်​တယ်​....´´
''ဟုတ်​လား .... မာမီ ဘာ​ပြောလို့လဲ ကိုခိုင်​.....´´
''မင်းကိုသွားခွင့်​ပြုလိုက်​တာကို မကြိုက်​ချင်​တဲ့ သ​ဘောပဲ.... ကိုခိုင်​က မင်းပြန်
လာမှာပါ​ပြော​တော့ သူက သိပ်​ပြီး သ​ဘောမကျတဲ့ ပုံမျိုး​ပြောသွားတယ်​.....မင်း
တကယ်​ပြန်​မလာရင်​ ပါသမျှ​ချေးက ငါ့​ခေါင်း​ပေါ်ကိုပဲ​ရောက်​​နေမယ်​​နော်​....´´
''ကိုခိုင်​.....´´
''​ပြော​လေ ညီ​လေး.....´´
''ကိုခိုင်​ ​သေချာကြည့်​ကြပ်​ပြီး ​ဖြေရှင်းထားပါ ..... ကျွန်​​တော်​ လှ​ရွှေကို မရရင်​ ရ
တဲ့နည်းနဲ့ ​ခေါ်ရမှာပဲ ..... ဖြစ်​တဲ့နည်းနဲ့ လုပ်​ရမှာပဲ ကိုခိုင်​.....´´
                       သတိုးစကား​ကြောင့်​ ကိုခိုင့်​မျက်​လုံးသည်​ ပြူးကျယ်​သွာ​လေပြီ။
''ဟာ .... အဲ့လိုကြီးလုပ်​မလို့လား သတိုး.... ဒီဘက်​မှာ ကမ္ဘာ့စစ်​ပွဲကြီးဖြစ်​သွားနိုင်
တယ်​​နော်​....ကိုခိုင်​လည်း ​ရှောင်​မ​နေဘူး....´´
Has llegado al final de las partes publicadas.
⏰ Última actualización: May 03, 2021 ⏰
¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!
ချစ်သော ပို၍ ချစ်သော ( Ongoing )Donde viven las historias. Descúbrelo ahora