အပိုင်း - ၄၁

131 11 2
                                    

ဘဝနွံ - အပိုင်း - ၄၁
.............................

''ကြိုက်ရဲ့လား ... ´´

''ကြိုက်ပါတယ်ဟ .... ဒီအပိုင်းမှာ နင်ကျွမ်းကျင်းတာပဲ နင်ရွေးတာပဲ ယူမယ်´´

''အင်း ...  ဒါဆို ဒီကောင်ပဲယူလိုက်နော် .....လုပ်ငန်းသုံးအတွက်က ဒီကောင်ပိုပြီး
အဆင်ပြေတယ်ဟ....´´

                                 အရှေ့မှာ ချထားသည့် လပ်စ်တော့ပ် အကြောင်းကို နားလည်
သည်အထိရှင်းပြသည်။ ကြိုက်နှစ်သက်သည့် အနေအထားရောက်ပြီမို့ အရောင်း
ဝန်ထမ်းကောင်မလေးကို သေချာပင် ပါကင်လုပ်ခိုင်းခဲ့သည်။ သုံးယောက်သားက
ဘေးချင်းကပ်လျှက် စကားဖောင်ဖွဲ့ပြောရင်း စေတန်ထိုင်သည့် ရုံးခန်းဘက်ကို
လျှောက်လှမ်းလာရင်းမှ ရွေးပေးခဲ့သည့်လပ်စ့်တော့ပ်ကို ကြိုက်ကြောင်းမေးသည်။

                              ရုံးခန်းထဲသို့ပြန်ဝင်လာပြီးမှ နေရာမှာပင် အသီးသီးဝင်ထိုင်ကြရင်း
စကားဆက်မိကြသည်။

''နင် လှရွှေ အကြောင်းကို သိပြီးပြီလား အိန္ဒြာ.....´´

''ဟင် .... လှရွှေ အကြောင်း ဟုတ်လား စေတန် ....´´

''ဟုတ်တယ် .....´´

''ဟင့်အင်း ငါမသိသေးဘူး ..... သူဘာဖြစ်လို့လဲ....´´

''လှရွှေ .......´´

                                စကားလမ်းကြောင်းအတိုင်း နားထောင်နေရင်းမှ သဲစု နှုတ်ကတိုး
တိုးရွေရွတ်လိုက်သည်။

                               ရှာမှာရှားသည့် ထိုနာမည်သည် တစ်ချိန်က ရင်းနှီးခဲ့ဖူးသည့် လူ
တစ်ဦးရဲ့ နာမည်နှင့် ဆင်နေသည်မို့ ထိုစကားကို သေချာပင် စိတ်ဝင်တစားနှင့်နား
ဆင်ဖို့ လုပ်ချိန်မှာပင် ထိုနာမည် ပိုင်ရှင် အကြောင်းကို ကြားသိခဲ့ရသည်။

''တစ်လောက သူ့မေလတ်ဆုံးတယ်လေ....´´

''ဘုရားရေ .... အမသွယ် ဆုံးပြီ ဟုတ်လား.....´´

                              ရုတ်တရက်ကြားသိရသည့်အဖြစ်မို့ သူမအနေနှင့် မည်သို့မျှမယုံ
ကြည်နိုင်။ ဝိုင်းစက်နေသည့် သူမမျက်လုံးတစ်စုံသည် ရွှန်းလဲ့စွာ ပြုးကျယ်သွားပါ
လျှင် ထိုအဖြစ်ကို မြင်သည့် စေတန်မှ ခေါင်းညိတ်ပြသည်။

ချစ်သော ပို၍ ချစ်သော ( Ongoing )Donde viven las historias. Descúbrelo ahora