ဘဝနွံ
........ အပိုင်း - ၁၉ငြိမ်းမောင်ပြန်သွားသည်ကို သူခြံတံခါးဝအနားလေးမှာရပ်ပြီး
ကြည့်နေမိသည်။ မပြန်ခင်အချိန်လေးမှာ သူ့ရဲ့ ပါးပြင်နုနုကလေးကို တရိုက်မတ်
မတ်နမ်းသွားသည်ကို သူသဘောကျ နှစ်သက်စွာနှင့် သူ့ပါးပြင်ကိုသူ့လက်ဖဝါးလေး
နှင့်ပွတ်သပ်ရင်း ကျောပစ်ထွက်သွားတဲ့ သူ့ပုံရိပ်ကို ပြုံးရွှင်စွာ သူငေးကြည့်သည်။
တရိတ်ရိတ် တဖြည်းဖြည်း နှင့် ဝေးကွာသွားတဲ့ သူ့နောက်ကျောလေးကို ငေးဖြစ်ပြီး
တဲ့နောက်မှာ အေးသွယ် ခြံတံခါးကို သေချာစွာပိတ်လိုက်သည်။ ပြီးမှ ခြံထဲကိုလမ်း
လျှောက်ရင်း အိမ်ပေါ်ပြန်တက်ကာ ဧည့်ခန်းမှာ ထိုင်မနေချင်တော့သည်မို့ အိပ်ခန်း
လေးကိုဝင်ရင်း အိပ်ယာပေါ်မှာ လဲလျှောင်းကာ နားနေလိုက်တော့သည်။ရပ်ကွက်ထဲဝင်တဲ့ လမ်းကိုနှစ်ယောက်သား အေးအေးလူလူပင်
ဟိုပြောသည်ပြော လျှောက်လာကြသည်။ မထက်ကတော့ ဟန်ကို ပီပီပြင်ပြင်လေး
နှင့် အိနြေ္ဒကိုသေချာစွာစောင့်ထိမ်းနေလိုက်ပုံမှာ တကယ့်ကို မိန်းမလျှာတစ်ယောက်
သွင်ပြင်နှင့်တကယ်ကို ခြားနားနေသည်။''ဒီအခြေအနေလောက်ဆို ဆိုင်ဝင်ငွေက မဆိုးဘူးနော် မေကြီး´´
''အင်းပေါ့အေ၊ ပွင့်လင်းရာသီလေး ရောက်ခါစပြုပြီဆိုတော့ လိမ်းရ ခြယ်ရ တာ
ပေါ့´´''ဒီအချိန်မှာ မေလတ်သာ ကျမ္မာနေရင် သိပ်ကောင်းမှာ´´
ပြောနေရင်းကနေပြီး အေးသွယ် အကြောင်းပါလာသည်မို့
မထက်မှာ လမ်းလျှောက်နေရင်း လှလှကို တစ်ချက်ကြည့်သည်။ လှလှလည်းပြန်
ကြည့်မိတာမို့ စကားက စဖြစ်ပြန်၏။''ဘယ်တတ်နိုင်မလဲ လှလှ ရယ်။ အခုလို ရာသီလေးရောက်လာမှာကို သူ သိပ်ကို
မျှော်နေတတ်တာ၊ အခုတော့ ကုရာနတ္တိ ဆေးမရှိ ဝေဒနာ ခံစားနေရတာဆိုတော့ သူ့
ကို ဘယ်လိုလုပ် ခိုင်းရက်ပါ့မလဲ။ သူ စိတ်ချမ်းသာဖို့ပဲ အရေးကြီးနေပြီလေ။ ဒီတော့ ပင်ပန်းတာတွေ မလုပ်လေ သူစိတ်ချမ်းသာလေ သူ့ ကျမ္မာရေးအတွက်အ
ထောက်အကူဖြစ်တာပဲ မို့လား´´
BẠN ĐANG ĐỌC
ချစ်သော ပို၍ ချစ်သော ( Ongoing )
Phi Hư CấuUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...