ယုံကြည်မည်ဆိုလျှင်ဖြင့်
................................... အပိုင်း - < ၁၂ >''ဒါတွေကြောင့် မထက် ကို အေးပြောပါတယ်။ အခုဘယ်လိုလုပ်ကြမလဲဟင်။ဒီ
ကလေးသာတစ်ခုခုဖြစ်ရင် အေးတို့ အမှုပတ်မှာသိလား´´အေးသွယ်မှာ ကြောက်လန့်တကြားနှင့် မထက်ကို အပြစ်တင်ဝေဖန်သုံး
သပ်စကားပြောဆိုလျက် အနားမှထိုင်ရင်း ဗျစ်တောက်မြည်သည်။ မထက်သည် အေးသွယ်စကားအား ပြန်ပြောမည့် ဆန္ဒမရှိသော်လည်း ဗျစ်တောက်တောက်စကားသံတို့ကြောင့် နားမခံနိုင်သည်မို့ တစ်ချက်စောင်းငေးကြည့်သည်။''နင်ဆိုသည်မှာလည်းလေ ငါ့ကိုဆို အကောင်းမြင်ရိုးကိုမရှိတာနော်၊ ကလေးကအ
ဖျားကြောင့်သတိမေ့တာဟေ့၊ ဘာမှမဖြစ်ဘူး။ နင့်ပါးစပ်ကိုတိတ်တိတ်ကလေးထား
ပေးပါအေးသွယ်ရယ်။ ဒေါက်တာတွေ နင့်အသံကြောင့်နားပူနေပါ့မယ်´´''အားနာလိုက်တာ ဒေါက်တာရယ်´´
အေးသွယ်ကိုပြောနေရင်း ဒေါက်တာကိုမော့
ကြည့်ပြီး အားနာကြောင်း ပြောသည်မို့ ဒေါက်တာလည်း ကလေးကို ဆေးထိုးနေလျှက်ပြန်ဖြေသည်။''ရပါတယ်၊ ကလေးက အားနည်းနေတာကြောင့် အခုလိုဖြစ်တာပါ။အစားလည်း
ပုံမှန်မစား အိပ်တာလည်း ပုံမှန်မရှိတာကြောင့် အခုလိုဖြစ်သွားတာပါ။ အ
ခု ကျွန်မ အားဆေး ထိုးပေးထားခဲ့မယ်လေ။ သူသတိရလာရင် ဆင်းလို့ ရပါပြီ။ ´´''ကဲ မိအေးရေ. ကြားတယ်နော်၊ ဘာမှမဖြစ်ဘူးတဲ့´´
''အေး စိတ်ပူမိလို့ပါ´´
''ဒါက ဆေးဝယ်စာတွေပါ၊ ဒါကို ကောင်တာမှာပြပြီး ဝယ်လို့ရတယ်´´
ဒေါက်တာက ဆေးဝယ်စာပေးသည်။ မထက်က ရိုကျိုးကာ လှမ်းယူ
သည်။''ခွင့်ပြုပါဦး´´
''ဟုတ်ကဲ့´´
ဒေါက်တာ လှည့်ထွက်ပြီမို့ မထက်လည်း အလိုက်သင့်နှုတ်
ဆက်သည်။''ကဲ အေးသွယ် ၊ ဒီဆေးတွေကို ကောင်တာမှာ သွားထုပ်ချည်၊ ပြီးတော့ ဘေလ်ပါ
တစ်ပါတည်းရှင်းခဲ့ကြားလား´´
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...