ဘဝနွံ
~~~~
အပိုင်း - ( ၂၈ )အိမ်အပေါ်ရောက်တော့ လူငယ်တစ်ယောက်ပီပီ ဟန်ပေါ့ပေါ့လေး
နှင့်ပင် ဧည့်ခံခုံမှာ ဆတ်ခနဲဝင်ထိုင်တော့ လှရွှေစပြီးထိုင်ခိုင်းနေစရာတောင်မလိုပေ။စေတန်ထိုင်သည်မို့ လှရွှေလည်း စေတန်အရှေ့က ခုံအလွတ်တစ်ခု
မှာဝင်ထိုင်သည်။ ပြီးမှ မျက်နှာချင်းဆုံသွားတော့ တစ်ဘက်က သူ့ကိုပြုံးပြနေပြန်
သည်။သူ့အပြုံးကို ဆက်ပြီး ကြည့်မနေနိုင်တာမို့ လှရွှေ မျက်နှာ ခြံလမ်းဝ
ဘက်ကို လှည့်လိုက်လျှင် ....ဟင်........!
နှုတ်က မြင်မြင်ချင်း 'ဟင်´ခနဲဖြစ်သွားရပြန်သည်။ ခြံရှေ့မှာဒီအ
တိုင်းရပ်နေပြီးကနုတ်ဖော်ထားတဲ့သံပန်းတံခါးမှာချိတ်ထားတဲ့လူခေါ်ခေါင်းလောင်း
ရှိနေပါလျှက်နှင့် ဒီအတိုင်းရပ်နေတဲ့ သူ့ကိုမြင်တော့ အတိုင်းသား အံ့သြရပြန်၏။''သတိုး´´
အကြည့်က လုံးလုံးမျှမလွဲပဲ ဒီအတိုင်းကြည့်နေရင်းက သတိုးနာ
မည်ကိုခေါ်သည်မို့ စေတန့်အကြည့်သည် ခြံတံခါးဝဘက်ကို ရောက်သွားသည်။
အိမ်အောက်မှာကတည်းက သူရှိနေသည်ကိုမြင်ပေမယ့် တမင်ပင်မပြောဖြစ်ပဲ အိမ်
အပေါ်ကို မမြင်သလိုလုပ်ပြီး တက်သွားသည်က စေတန့်အနေနဲ့အနိုင်ပိုင်းလိုက်ခြင်း
သာဖြစ်သည်။' မလာပါနဲ့ ...ပြန်သွား ´ပြောရလောက်တဲ့အထိက စေတန့်ဘက်က
ဘာမှဟုတ်နေသည်မဟုတ်သည်မို့ မြင်နေလျှက်နဲ့ကို တမင်မမြင်ဟန်ဆောင်ထားခဲ့
တာဖြစ်ပေမယ့် ဒီနေရာကိုသူရောက်လာသည်ကိုတော့ နည်းနည်းလေးမှ မနှစ်မြို့.။''ရောက်နေတာတောင် ခေါင်းလောင်းတီးလိုက်တာမဟုတ်ဘူး´´
ပြောရင်း ဆတ်ခနဲထရပ်သွားသည့်သူ့ကို အတင်းပင်ဖမ်းဆွဲထား
လိုက်ချင်သည်။ သို့ပေမယ့် မလုပ်သာလို့သာ ငြိမ်နေလိုက်ရသည်မို့ လှရွှေနောက်
ကျောကိုသာ ငြိမ်ငြိမ်လေးကြည့်နေပြီး ခြံရှေ့မှာ မြင်ရမယ့် မြင်ကွင်းကိုသာ အာရုံ
စိုက်လျှက်......။
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...