ယုံကြည်မည်ဆိုလျှင်ဖြင့်
................................... အပိုင်း - < ၉ >''ကဲကဲ လာကြ ´´
''ဒီနေ့က ပိတ်ရက်ဆိုတော့ ဆိုင်ရဲ့ သန့်ရှင်းရေးကို လုပ်ကြရမယ်ဆိုတာ သိကြ
တယ်မလား´´''ဟုတ်ကဲ့ပါ ဆရာ...´´
ဂျာကြီး သိန်းစိုးသည် အရှေ့တွင် ရပ်လျက် ပြောသည့်စကားကို လုပ်သားယောကျာ်းလေးတို့သည် လက်ကို နောက်ပစ်ထားရင်း ဂျာကြီး နှင့်ရှေ့ဆိုင်ရပ်ကာ ငြိမ်သက်စွာနားထောင်နေကြသည်။
'' နေရာတစ်ခုချင်းစီတိုင်းအတွက် လူနှစ်ဦး ချင်း တာဝန်ယူရယူမယ်ကြား
လား´´''ဟုတ်ကဲ့ပါ ဆရာ´´
''ကဲ ကိုခိုင် ´´
''ဟုတ်ကဲ့ပါ ဆရာ ´´
''မင်းပဲ ဒီကောင်လေးတွေကို ကြည့်ကြပ်ပြီး ခိုင်း၊ ငါ ဒီကိစ္စတွေအားလုံး မင်းကိုပဲ
တာဝန်လွှဲတယ်နော်´´''ဟုတ်ကဲ့ပါ ဆရာ´´
''မင်းတို့ အားလုံး ကိုခိုင် ခိုင်းတာကို မငြင်းမခိုပဲ လုပ်ကြ ....ကြားလား´´
''ဟုတ်ကဲ့ပါ ´´
''ကဲကဲ ဒါဆို သွားလုပ်ကြတော့ ... ´´
ဂျာကြီး ကိုယ်တိုင် ကိုခိုင်အား အလုပ်လွှဲပေးခဲ့ပြီး သူ့အဆောင်ကို
ပြန်သွားသည်မို့ ကိုခိုင်လည်း လုပ်ရမည့် အလုပ်တို့ကို ကိုယ်တိုင် စီမံတော့သည်။''ရွှေသိန်း နဲ့. ဖိုးလူ ... မင်းတို့ နှစ်ယောက် ဆိုင်စားပွဲနဲ့ ထိုင်ခုံတွေကို သေသေချာ
ချာ ပုဝါမှာ ရေနည်းနည်းဖြန်းပြီး တိုးကြ တိုက်ကြ....´´''ပြီးတော့ ကျော်မင်း နဲ့ နေနေနိုင် မင်းတို့်နှစ်ယောက် ဆိုင် ကြမ်းပြင်နဲ့ နံရံတွေကို
ဆေးကြော ပြီးကြ....´´''ကျော်နိုင်ဦး နဲ့ ဇော်ရှိန်း မင်းတို့ နှစ်ယောက် ကားပါကင်ကို တံမျက်စည်းလှည်း
ကြ´´
VOCÊ ESTÁ LENDO
ချစ်သော ပို၍ ချစ်သော ( Ongoing )
Não FicçãoUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...