ယုံကြည်မည်ဆိုလျှင်ဖြင့်
.................................... 'အပိုင်း - ၁၅ ´'' ဒီအချိန် ဆိုရင် ကိုခိုင် တစ်ယောက် ဘယ်တွေရောက်လို့ ဘာများဖြစ်နေပြီလဲမ
သိဘူးနော်! လှ အပေါ်ကို ညီအရင်းလို တကယ့်ကို မိသားစုသဖွယ်စောင့်ရှောက်ပေး
ခဲ့ကြတဲ့ လူတွေ အကုန်လုံးကို လှ သတိရတယ်။ ပြီးတော့ အရမ်းလည်း ကျေးဇူး
တင်ပါတယ်´´လှလှ တစ်ယောက်တည်း ခြံထဲက ဒန်းလေးမှာ ထိုင်ရင်း ဟိုးအ
ရင်တစ်ချိန်တုန်းက အမှတ်တရတွေကို ပုံဖော်သည်။ ပြီးလျှင် အမှတ်တရများစွာအား ပြန်တွေရင်း ငိုသည်။တစ်ယောက်ထဲ စိတ်ထဲကနေ ကျေးဇူးတင်စကားအသီးသီးကို ပြောသည်။ သို့ပေမယ့် ထိုစကားသံတို့ကို သူတို့ကြားနိုင်မည်မှမဟုတ်ပေ။''သတိုး၊ သူ့နာမည်က သတိုး တဲ့လား။ သူက လှကိုသိတဲ့ သတိုးများလား။ သူက
လှကိုသိတဲ့ သတိုးမဖြစ်ပါစေနဲ့။ သတိုး ၊ ကိုခိုင် အားလုံးကို လှသတိရပါတယ်။ဒါ
ပေမယ့် လှလို သမိုင်းမကောင်းခဲ့တဲ့ လူတစ်ယောက်နဲ့ ကိုခိုင် နဲ့ သတိုး တို့ကို ထပ်မ
တွေ့ပါရစေနဲ့နော်´´တွေးရင်းပြောလိုက်သည့် စကားမို့ ရင်ထဲမှာ နာကျင်ခံစားရင်း
စီးဆင်းသွားသည့် မျက်ရည်အပိုင်းအစတစ်ချို့က ပါးပြင်ထက်မှာ နေရာယူရင်းရှိနေသည်။!တီတီ ... တီတီ....တီတီ!!
တစ်ယောက်တည်း ဟိုးငယ်စဉ်အချိန်ဘ၀အကြောင်းကိုတွေး
သည်။ပြီးလျှင် ပျော်ရွှင်စရာမရှိခဲ့သည့် အတိတ်ဟောင်းတစ်ချို့ကြောင့် လှလှ အခု
တွေးရင်းငိုနေသည်။ ထိုအကြောင်းများစွာကိုတွေးဖြစ်ရင်းငိုနေဆဲမှာပင်ဘေးနားမှာ
ချထားသည့်ဖုန်းက မြည်လာသည်မို့ လှလှ စီးဆင်းသွားသည့် မျက်ရည်အပိုင်းအစ တစ်ချို့နှင့်ပင် ဖုန်းကိုကောက်ကိုင်မိသည်။
YOU ARE READING
ချစ်သော ပို၍ ချစ်သော ( Ongoing )
Non-FictionUnicode မင်းနဲ့ငါ့ရဲ့ သံယောဇဉ်က လွယ်လွယ်ထားခဲ့ကြတာမှ မဟုတ်တာ။ဒီတော့ ဒီကြိုးတန်းလေးကို ငါ့ဘက်ကစပြီးဘယ်တော့မှ ပြတ်တောက်ခံမည်မဟုတ်။ ( သတိုး ) ဒီအချစ်က သာမန်အချစ်ထက်ပိုတယ်ဆိုတာ ငါ့စိတ်ကလက်မခံနိုင်ပေမယ့် ငါ့နှလုံးသားက သူ့အလိုလို လက်ခံပေးနေမှတော့ သေချာတယ်...